• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေးတွင် နိုင်ငံတော်၏ အဓိက လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး အဆိုပြုချက်များ တင်သွင်းမည်

(GMT+08:00) 2019-03-04 09:38:32

တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေး အတိုင်ပင်ခံ အဖွဲ့ဌာန အဖြစ်ဖြင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်သည် နိုင်ငံရေးတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နေပါသည်။ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ယခုလ ၃ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်သည် ၁၃ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ကိုယ်စား၊ အစည်းအဝေးသို့ အစီရင်ခံစာကို တင်ပြခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင်၊ ဝမ်းယန်က၊ ၂၀၁၉ ခုနှစ်သည် အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ ထူထောင်ရေး အောင်ပွဲရရန် သော့ချက်ကျသည့် နှစ် တစ်နှစ် ဖြစ်ကြောင်း၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အနေနှင့်၊ အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ ထူထောင်ရေးနှင့် အရေးကြီး အန္တရာယ်များ ဖြေရှင်းရေး၊ ဆင်းရဲမှု လျှော့ချရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေး အပါအဝင် တိုက်ပွဲကြီး သုံးရပ်ကို ဝိုင်းဝန်းပြီး၊ နိုင်ငံရေး အတိုင်ပင်ခံ၊ ဒီမိုကရေစီ ကြီးကြပ်ရေး၊ နိုင်ငံရေးတွင် ပါဝင်ရေး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဝမ်းယန်က၊ ၁၃ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီသည် ပြည်သူပြည်သားများအတွက် တာဝန်ဝတ္တရားများကို စွဲစွဲမြဲမြဲ ထမ်းဆောင်ကာ၊ ပြည်သူလူထုများ နေထိုင်မှုဘဝ တိုးတက်ရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း၊ တရုတ်ပြည် ကျန်းမာရေး မဟာဗျူဟာနှင့် ပတ်သက်ပြီး၊ နိုင်ငံတော်ပိုင် ဆေးရုံများ လည်ပတ်မှုစနစ် တိုးမြှင့်ရေး၊ အခြေခံ ဆေးဝါးကုသရေး ဝန်ဆောင်မှုနှင့် ကဏ္ဍစုံ ဆရာဝန်များ လေ့ကျင့်ပျိုးထောင်ရေး၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးစနစ် ပြည့်စုံ တိုးတက်ရေး စသည့် အကြောင်းများနှင့် ပတ်သက်၍ အဆိုပြုချက်များ တင်ပြခဲ့ကြောင်း၊ ဥပဒေ စိုးမိုးရေး၊ အရွယ်မရောက်သေးသူများ အင်တာနက် အသုံးပြုမှုဆိုင်ရာ ကာကွယ်ရေး စည်းမျဉ်းများ စသဖြင့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဆိုပြုချက်များ တင်ပြ၍ နိုင်ငံတော် ဥပဒေ စိုးမိုးရေးကို နက်ရှို်င်းစွာ အထောက်အကူ ပြုခဲ့ကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio