• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယ အကြိမ် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2019-03-04 09:32:14

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးကို ယခုလ ၃ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ပါသည်။ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂၁၃၃ ဦးတို့သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပထမ ဦးစွာ အနေနှင့် ၁၃ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး အစီအစဉ်ကို စိစစ် အတည်ပြုခဲ့ပါသည်။

ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်သည် ၁၃ ကြိမ်မြောက် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ကိုယ်စား၊ အစည်းအဝေးသို့ အစီရင်ခံစာကို တင်ပြခဲ့သည်။ ဝမ်းယန်သည် အဓိက လုပ်ငန်း သုံးရပ်နှင့် အဓိကနယ်ပယ် ၇ ရပ်မှနေ၍ လွန်ခဲ့သည့် တစ်နှစ်အတွင်း ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ လုပ်ငန်းများကို ပေါင်းရုံးသုံးသပ်ထားသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။ (ကျော့)

   Webradio