• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များသည် အစည်းအဝေးတွင် ပြည်သူလူထုများ၏ မျှော်လင့်ချက် ဆန္ဒများ တင်ပြမည်

(GMT+08:00) 2019-03-02 09:42:55

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အစည်းအဝေးများကို ကျင်းပရန်အချိန် နီးလာသည်နှင့် အမျှ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ တင်သွင်းမည့် အဆိုပြုချက်များမှာ အများတကာ အာရုံစူးစိုက်ရာ ဖြစ်နေပါသည်။ သတင်းထောက်များနှင့် တွေ့ဆုံရာတွင်၊ ကိုယ်စားလှယ်အချို့က၊ မိမိတို့သည် အခြေခံ ဆေးဝါးကုသရေးစနစ် ထူထောင်မှု၊ ဆင်းရဲမှု လျှော့ချရေး အပါအဝင် ပြည်သူလူထုများနှင့် တိုက်ရိုက် ဆက်စပ်သည့် ကိစ္စရပ်များ ဆိုင်ရာ အဆိုပြုချက်များကို တင်သွင်းမည်ဟု ဖေါ်ပြကြပါသည်။ ပြည်သူလူထု အချို့ကလည်း၊ အစည်းအဝေးတွင် ပညာရေး၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး၊ လေထု ညစ်ညမ်းမှု ပြုပြင်ရေး စသည့် ကိစ္စရပ်များကို အာရုံစိုက် ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

   Webradio