• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို မတ်လ ၃ရက်နေ့တွင် ပီကင်း၌ ကျင်းပမည်

(GMT+08:00) 2019-03-01 10:59:57

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ၁၃ကြိမ်မြောက် အမြဲတမ်းကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၈ရက်နေ့က ပီကင်းမြို့၌ စတင်ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ  နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ယန်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပရေး ဆိုင်ရာ ဆုံးဖြတ်ချက်ကို စိစစ်အတည်ပြုခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်အရ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၉ခုနှစ် မတ်လ ၃ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပမည်ဟု သိရကြောင်း သတင်းရရှိပါသည်။

   Webradio