• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ခုနှစ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အစည်းအဝေးတွင် အဆိုပြုချက် တစ်သောင်းကျော် ဖေါ်ဆောင်ပေး

(GMT+08:00) 2019-02-28 09:25:28
၂၀၁၉ ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို ကျင်းပ တော့မည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်ကောင်စီ သက်ဆိုင်ရာဌာနများ ဦးဆောင်ပြီး၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ တင်ပြသော အဆိုပြုချက် ၆၃၁၉ ခုကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များ တင်ပြသော အဆိုပြုချက် ၃၈၆၃ ခုကို အကောင်အထည်ဖေါ် ဆောင်ရွက် ပေးခဲ့ကာ၊ ယင်းသည် အဆိုပြုချက် စုစုပေါင်း ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
တရုတ် အကောက်ခွန်ဌာနချုပ် ဒုဥက္ကဌ ကျိုကြည့်ဝူက၊ ၂၀၁၈ ခုနှစ်တွင် အကောက်ခွန် ဌာနချုပ်သည် အဆိုပြုချက် ၂၀၇ ခုကို လက်ခံ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းအဆိုပြုချက်များတွင်၊ အကောက်ခွန်ဌာနများ၏ အလုပ်တွင်ကျယ်မှု၊ အစီအစဉ် အဆင်ပြေ လွယ်ကူမှု၊ နယ်စပ် ကူးသန်းရောင်းဝယ်မှု စရိတ် လျှော့ချမှုဆိုင်ရာ အဆိုပြုချက်များ အချိုးအစားများပြီး အကောက်ခွန်ဌာနများသည် သတ်မှတ်သည့်အချိန်အတွင်း ပြီးအောင် လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်ကာ ကိုယ်စားလှယ်များနှင့် ကော်မတီဝင်များ၏ ကျေနပ်မှုနှုန်းမှာ ရာနှုန်းပြည့် ဖြစ်ကြောင်း ပြောကြားပါသည်။
တရုတ် နိုင်ငံတော် ဈေးကွက် ကြီးကြပ်ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ထမ်ကျွင်းက၊ ၂၀၁၈ ခုနှစ်တွင် ဈေးကွက်ကြီးကြပ်ရေး ဦးစီးဌာနသည် အဆိုပြုချက် ၅၆၀ ကို လက်ခံ အကောင်အထည် ဖေါ်ဆောင်ပေးခဲ့ကြောင်း၊ ယင်း အပြုသဘော ဆောင်တဲ့ အဆိုပြုချက်များ ဖေါ်ဆောင်ခြင်းဖြင့် တရုတ်ပြည် ကုန်သွယ်ရေးစနစ် ပြုပြင် ပြောင်းလဲရေးနှင့် စီးပွါးကုန်သွယ်ရေး ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးကို တွန်းအား ပေးခဲ့ကြောင်း ပြောကြားပါသည်။ (ကျော့)
   Webradio