• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-လာအို ရထားလမ်း ဖောက်လုပ်ရေးသည် ဒေသခံ ရွာသူရွာသားများ၏ နေထိုင်မှု ဘဝကို ပြောင်းလဲစေ

(GMT+08:00) 2019-02-27 13:14:53

တရုတ်-လာအို ရထားလမ်းသည် တရုတ်-လာအို နယ်စပ်စခန်း ဘိုတင်မှ လာအို နိုင်ငံ ဗီယင်ကျမ်းမြို့တော်အထိ ပေါက်ရောက်ပြီး စုစုပေါင်း အရှည်မှာ ကီလိုမီတာ ၄၀၀ကျော် ရှိကြောင်း၊ ၄င်းရထားလမ်းကို တရုတ် စီမံခန့်ခွဲမှု စံချိန်စံညွှန်းနှင့် နည်းပညာ စံချိန်စံညွှန်းဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ရထားလမ်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလက စတင် ဖောက်လုပ်ပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ဖောက်လုပ်ပြီးစီးရန် စီစဉ်ထားကြောင်း၊ ၂၀၁၉ခုနှစ်သည် တရုတ်-လာအို ရထားလမ်း ဖောက်လုပ်ရေး အတွက်  သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်ကြောင်း၊ ၄င်းရထားလမ်း ဖောက်လုပ်ရေးသည် လာအို နိုင်ငံ အတွက် အလုပ်အကိုင် နေရာ ၅ထောင်ကျော်ကို ဖန်တီးပေးပြီး ရထားလမ်း တစ်လျှောက်လုံးရှိ ရွာသူရွာသားများ၏ နေထိုင်မှုဘဝကိုလည်း ပြောင်းလဲစေကြောင်းလည်း ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio