• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်း ဆိုင်ရာ အင်ဒိုနီးရှား ဗဟိုဘဏ်၏ ကိုယ်စားလှယ်ဌာန ဖွင့်လှစ်

(GMT+08:00) 2019-02-26 14:42:47

ပီကင်း ဆိုင်ရာ အင်ဒိုနီးရှား ဗဟိုဘဏ်၏ ကိုယ်စားလှယ်ဌာနကို ယခုလ ၂၅ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း၊ အင်ဒိုနီးရှား ဗဟိုဘဏ် ဥက္ကဋ္ဌ ပယ်ရီ ဝါရ်ဂျီယို၊ တရုတ်ပြည် ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး ဂျောဟာရီ အိုရတ်မန်ဂွန်၊ တရုတ်ပြည်သူ့ဘဏ် နိုင်ငံတကာ ရေးရာ ဦးစီးဌာန ဒုညွှန်ချုပ် ကျန်းကျင့်ရှင်းတို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဝါရ်ဂျီယိုက ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ပြည်ပတွင် ကိုယ်စားလှယ်ဌာန ထားရှိခြင်းသည် အင်ဒိုနီးရှား ဗဟိုဘဏ် ပြုပြင်ပြောင်းလဲမှု၏ အရေးကြီး ဆောင်ရွက်ချက် တစ်ခု ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အင်ဒိုနီးရှား၏ အရေးကြီး ကုန်သွယ်ဖက် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားလာရေး စသည့် နယ်ပယ်များတွင် အကြီးဆုံး မိတ်ဖက်လည်း ဖြစ်ကြောင်း၊ ပီကင်း ဆိုင်ရာ အင်ဒိုနီးရှား ဗဟိုဘဏ်၏ ကိုယ်စားလှယ်ဌာန ထားရှိခြင်းသည် နှစ်နိုင်ငံ၏ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု တစ်ဆင့်တိုးမြှင့်ရန် အတွက် အရေးကြီးပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio