• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-စင်ကာပူ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှု များစွာ ရရှိ

(GMT+08:00) 2019-02-22 12:44:43

ပဏာမ စာရင်းအရ ၂၀၁၈ခုနှစ်တွင် စင်ကာပူ နိုင်ငံသို့ သွားရောက် ခရီးလှည့်လည်သည့် တရုတ်ပြည်မကြီးမှ ခရီးသည် ဦးရေမှာ ၃သန်း၎သိန်း၁သောင်း ၇ထောင်ခန့် ရှိပြီး ၂၀၁၇ခုနှစ်ကထက် ၆ရာခိုင်နှုန်း တိုးလာသည်ဟု သိရကြောင်း၊ တရုတ်ပြည်မကြီးမှ ခရီး သည် ဦးရေသည် စင်ကာပူနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသည်များ၌ ၂နှစ် ဆက်တိုက် အများဆုံး ဖြစ်ကြောင်း မကြာခင်က စင်ကာပူ ခရီးသွား လုပ်ငန်း ဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းတွင် ဖော်ပြသည်ဟု တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာ၌ ရေးသားဖော်ပြသည်။

စင်ကာပူ ဆိုင်ရာ တရုတ် သံရုံး စီးပွားရေး ဌာနမှ ထုတ်ပြန်သော သက်ဆိုင်ရာ သတင်းအချက်အလက်များတွင် ၂၀၁၈ခုနှစ်၌ တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံတို့၏ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာ ကောင်းမွန်ကြောင်း၊ တရုတ်ပြည်သည် စင်ကာပူ၏ အကြီးဆုံး ကုန်သွယ်ဖက် ၆နှစ် ဆက်တိုက် ဖြစ်သလို စင်ကာပူသည် တရုတ်ပြည်တွင် အသစ်တိုးလာသည့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးသော နိုင်ငံ ၆နှစ် ဆက်တိုက် ဖြစ်ကြောင်းလည်း ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်များတွင် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှု များပြားကြောင်း၊ အထူးသဖြင့် မကြာခင် နှစ်များက Belt and Road အဆိုပြုချက်ကို ဆက်တိုက် တွန်းအားပေးသည်နှင့် အမျှ နှစ်ဖက်တို့သည် Belt and Road အတူ တည်ဆောက်ရေးတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း သိရသည်။

၁၉၉၃ခုနှစ်မှစ၍ စင်ကာပူသည် တရုတ်ပြည် ၇ပြည်နယ်နှင့် စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စနစ်များကို ရှေ့ဆင့်နောက်ဆင့် ထားရှိခဲ့ကြောင်း၊ ၂၀၀၃ခုနှစ် နိုဝင်ဘာလက တရုတ်-စင်ကာပူ နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မတီကို တည်ထောင်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ရေးရာများကို စီမံခန့်ခွဲကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုးတက်ရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်လာကြောင်း၊ ၄င်းကော်မတီ၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံတို့သည် စူးကျိုး-စက်မှုဇုန်၊ ထျန်းကျင်း- ဂေဟမြို့တော်နှင့် တရုတ်-စင်ကာပူ(ချုံချင့်) မဟာဗျူဟာမြောက် အပြန်အလှန် ဆက်သွယ်ရေး စံနမူနာ ပြသမှု လုပ်ငန်းရပ် အပါအဝင် အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ် ၃ခုတွင် တိုးတက်မှုများ ချောမောစွာ ရရှိခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် နိုဝင်ဘာလက နှစ်နိုင်ငံတို့သည် "လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် အဆင့်တိုးမြင့်ရေး စာချုပ်"ကို ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။

   Webradio