• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ရေးသည် Belt and Road တည်ဆောက်ရေး အတွက် စံနမူနာပြ အဖြစ် ပါဝင်မည်

(GMT+08:00) 2019-02-21 15:14:34

မြန်မာ Belt and Road အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင် ကော်မတီသည် ယခုလ ၁၈ရက်နေ့က ပထမဆုံး အကြိမ် အစည်းအဝေး ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယမန်နှစ် ဒီဇင်ဘာလ ၇ရက်နေ့က ၄င်းကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ Belt and Road အဆိုပြုချက်ပါ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအတူတည်ဆောက်ရေး ဆိုင်ရာ ရေးရာများကို ပိုမို ကောင်းမွန်စွာ လက်တွေ့ ဖော် ဆောင်ရန် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ၄င်းကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေကြောင်း၊ တရုတ်ပြည်၏ မြန်မာ ရေးရာ ပညာရှင် စုန့်ချင်းရွန့်က တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ရေး သည် Belt and Road တည်ဆောက်ရေး၏ အခြားလုပ်ငန်း အစီအစဉ်များ အတွက် စံနမူနာပြ အဖြစ် ပါဝင်မည်ဟု ယူဆကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ရေး အဆိုပြုချက်ကို ၂၀၁၇ခုနှစ် နိုဝင် ဘာလက တရုတ် အစိုးရမှ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းစင်္ကြံသည် တရုတ်ပြည် ယူနန် ပြည်နယ်- မြန်မာ နိုင်ငံ မန္တလေးမှတစ်ဆင့် ရန်ကုန်နှင့် ကျောက်ဖြူ အထူး စီးပွားရေး ဇုန်နယ်သို့ ပေါက်ရောက်သော စီးပွားရေး စင်္ကြံဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံသည် မြန်မာ နိုင်ငံရှိ စီးပွားရေး ဖွံ့ဖြိုးမှု အများဆုံးဒေသနှင့် အနည်း ဆုံးဒေသကို ဆက်စပ်ထားမည် ဖြစ်ပြီး ဒေသများ အကြား ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

၁၈ရက်နေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က Belt and Roadတည်ဆောက်ရေး၌ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စသည့် လုပ်ငန်း နယ်ပယ် များစွာ ပါဝင်ကြောင်း၊ မြန်မာ နိုင်ငံသည် Belt and Road တစ်လျှောက်လုံးတွင် တည်ရှိ၍ Belt and Roadတွင် ပါဝင်ဆောင်ရွက်ရေးသည် မြန်မာနှင့် ဒေသတွင်း တစ်ခုလုံး အတွက် အခွင့်ကောင်း ဖြစ်ကြောင်း ပြောကြားသည်။

   Webradio