• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"Culture of China Festival of Spring" ပဒေသာကပွဲကို အင်ဒိုတွင် ကျင်းပ

(GMT+08:00) 2019-02-19 15:25:02

ယခုလ ၁၉ရက်နေ့သည် တရုတ် ရိုးရာ မုံ့လုံးရေပေါ် ပွဲတော်နေ့ ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် "Culture of China Festival of Spring"အာရှအဖွဲ့သည် ၁၈ရက်နေ့ညက အင်ဒိုနီးရှား စူရာဘာယာတွင် ဒေသခံ တရုတ် အနွယ်ဖွားများ အတွက် ပဒေသာကပွဲကို ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

စူရာဘာယာ ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ် ကုကျင်ချီက အင်ဒိုနီးရှားသည် တရုတ်ပြည် အပြင်၊ နွေဦးပွဲတော်ကို အမျိုးသား ရုံးပိတ်ရက် အဖြစ် ဥပဒေ အရ သတ်မှတ်ထားသော နိုင်ငံအချို့တွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် အနွယ်ဖွားများ၏ အကျိုးပြု စွမ်းဆောင်မှုနှင့် တရုတ် ရိုးရာ ယဉ်ကျေးမှု အပေါ် အင်ဒိုနီးရှား အစိုးရမှ အသိအမှတ်ပြုခြင်းကို ပြဆိုနေကြောင်း၊ "Culture of China Festival of Spring" ပဒေသာကပွဲကို ကြည့်ရှုခြင်းအားဖြင့် စူရာဘာယာတွင် အလုပ်လုပ်နေကြသော တရုတ် နိုင်ငံသားနှင့် ပညာတော်သင်များသည် တရုတ်ပြည်တွင် ပြန်ရောက်သလို ဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးသည်ကို ထိတွေ့ခံစားနိုင်ကြကြောင်း ပြောကြားသည်။

   Webradio