• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကွမ်တုန်းပြည်နယ်သည် ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေးစသည်များကို ဘက်စုံတွန်းအားပေး

(GMT+08:00) 2019-02-18 14:13:50

၂၀၁၄ခုနှစ်နှင့် ၂၀၁၈ခုနှစ် တရုတ် ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပစဉ် အတွင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ကွမ်တုန်းပြည်နယ် ကိုယ်စား လှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ ၂ကြိမ် တက်ရောက်ခဲ့ဖူးကြောင်း၊ ထိုသို့ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ရာတွင် ရှီကျင့်ဖိန်က ကွမ်တုန်းပြည်နယ်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးရာ၌ ရှေ့ပြေးဆောင်ရွက်သည့် စိတ်ဓါတ်ကို ဆက်လက် ပြန့်ပွားစေပြီး လွတ်လပ်စွာ တွေးခေါ်မျှော်မြင်ခြင်း၊ ပြုပြင်ပြောင်းလဲမှု၊ ဆန်းသစ်တီထွင်မှုကို တစ်ဆင့်တိုး ပြုလုပ်ကာ လက်တွေ့ကျကျ အားထုတ်ကြိုးပမ်းဆောင်ရွက်ပြီး ပိုမိုကြီးမားသည့် အောင်မြင်ချက်သစ်များဖြင့် ကွမ်တုန်းပြည်နယ် လုပ်ငန်း အခြေအနေသစ်ကို ဖန်တီးပေးရန်  ညွှန်ကြားပြောဆိုခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်များတွင် ကွမ်တုန်းပြည်နယ် ဒေသ အသီးသီးမှ လုပ်ငန်းဌာနများသည် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အဆိုပါ ညွှန်ကြားချက်ပါ အနှစ်သာရကို နက်ရှိုင်းစွာ လက်တွေ့ကျင့်သုံး ဆောင်ရွက်ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး စသည်များကို ဘက်စုံတွန်းအားပေးပြီး တိုးတက် အောင်မြင်မှုသစ်များ ရရှိခဲ့ကြောင်း သိရသည်။

   Webradio