• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ရှီဇန့်ဒေသသည် အခြေသစ်အနေသစ် ပေါ်လာ

(GMT+08:00) 2019-02-15 14:28:26

၂၀၁၃ခုနှစ် ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးနှင့် ၁၂ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပထမအကြိမ် အစည်းအဝေး ကျင်းပစဉ် အတွင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ရှီဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ကိုယ်စား လှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ၌ ရှီဇန့် တိုင်းရင်းသား လူမျိုးစုများမှ ပြည်သူများနှင့် ကေဒါခေါင်းဆောင်များသည် သမိုင်းပေး အခွင့်ကောင်းများကို လက်မလွှတ်ဘဲ ရှီဇန့်စိတ်ဓါတ်ကို ဆက်ခံပြန့်ပွားကာ တရုတ် ဝိသေသ ထူးခြားချက်နှင့် ရှီဇန့်ဝိသေသထူးခြားချက်ပါ  ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် ဦးလည်မသုန် လျှောက်လှမ်းရန် မျှော်လင့်ကြောင်း  ပြောကြားသည်။

အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အဆိုပါ အရေးကြီး ပြောကြားချက်၏ အနှစ်သာရနှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ရှီဇန့် စီမံခန့်ခွဲရေး လမ်းစဉ်နှင့် ပရိယာယ်ကို လက်တွေ့ကျင့်သုံးဖော်ဆောင်ရေး အတွက် လွန်ခဲ့သည့် ၆နှစ် အတွင်း ရှီဇန့်သည် အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း၏ စံချိန်စံညွှန်းအတိုင်း အားနည်းချက်များကို ဖြည့်စွက်ပြီး ပြည်သူများ၏ ကြွယ်ဝချမ်းသာရေး၊ ရှီဇန့်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ စားဝတ်နေရေးနှင့်  မြန်ဆန်မြင့်မားစွာ ဖြတ်ကျော်နိုင် သည့်တိုးတက်မှု အကောင်အထည်ဖော်ရန် အတွက် အားထုတ်ကြိုးပမ်းကြောင်း စီအာအိုင် က ဖော်ပြသည်။

အထူးသဖြင့် လွန်ခဲ့သည့် နှစ်များတွင် ရှီဇန့်သည် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း၌ တိကျမှန်ကန်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် မှစ၍ ယခုအထိ ရှီဇန့်သည် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်း အစီအစဉ် ၂၂၀၀ကျော်ကို ဆောင်ရွက်ပြီး ဆင်းရဲသူ ၂သိန်း၁သောင်း၏ ဆင်းရဲမှုကို ပပျောက်စေခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်က နယ်စပ်ဒေသ အတော်အတန် ချမ်းသာသည့် ကျေးရွာ ၆၂၈ရွာ တည်ဆောက်ရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပြီး ၂၀၂၀ပြည့်နှစ်အထိ ရင်းနှီးငွေ တရုတ် ယွမ်ငွေ ဘီလီယံ ၃၀ကို ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

    ရှီဇန့်သည် အများပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွင် အင်တိုက်အားတိုက်ဆောင်ရွက် နေကြောင်း၊ ဆေးဝါးကုသမှုနှင့် ပညာရေးစသည့် နယ်ပယ်များသည် လျင်မြန်စွာ တိုးတက်လာကြောင်း၊ ထို့အပြင်၊ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်က ရှီဇန့်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက် ယွမ်ငွေ ၁၀့၇ဘီလီယံကို ထုတ်ပေးပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလုပ်အကိုင် နေရာ ပမာဏမှာ ၆သိန်း၆သောင်း ၆ထောင်၇၀၀ အထိ တိုးလာကြောင်း သိရသည်။

   Webradio