• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် လျောင်နင်ပြည်နယ်သည် ပြုပြင်ပြောင်းလဲမှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး

(GMT+08:00) 2019-02-13 11:51:14

    ၂၀၁၇ခုနှစ် မတ်လ ၇ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးတွင် လျောင်နင်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ စိစစ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ၌ ဖြန့်ဖြူးရေး ဖွဲ့စည်းပုံ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံတော်ပိုင် လုပ်ငန်းကုမ္ပဏီ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကေဒါခေါင်းဆောင်များ၏ လုပ်ဟန် ပြောင်းလဲစေခြင်းကို တွန်းအားပေးရမည်ဟု ညွှန်ကြားပြောဆိုခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂နှစ်အတွင်း လျောင်နင်ပြည်နယ်သည် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ညွှန်ကြားချက်ကို ဘက်စုံ လက်တွေ့ဖော်ဆောင်ပြီး စက်မှုလုပ်ငန်း အခြေခံစခန်းဟောင်းများ၏ ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးကို ဇောက်ချပြုလုပ်ကာ ပြုပြင်ပြောင်းလဲမှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခဲ့ကြောင်း၊ ယခုတွင် လျောင်နင်ပြည်နယ်၏ စီးပွားရေးသည် ရှင်သန်တည်ငြိမ်သော ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ် တက်လှမ်းနေကြောင်း စီအာအိုင်က ဖော်ပြသည်။

    ယခုနှစ် တရုတ်ရိုးရာ နှစ်သစ်ကူး ရုံးပိတ်ရက် အပြီး ပထမရုံးတက်ရက်က လျောင်နင်ပြည်နယ် အစိုးရသည် ၂၀၁၉ခုနှစ် လုပ်ငန်း အစည်းအဝေးကို ကျင်းပရာ အားနည်းချက်များ ဖြည့်စွက်ခြင်း၊ ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့် ဆောင်ရွက်ခြင်းနှင့် ပြည်သူတို့၏ စားဝတ်နေရေးစသည့် လုပ်ငန်းများကို စီစဉ်ပေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

   Webradio