• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တိုးလာ

(GMT+08:00) 2019-02-12 14:28:04

အင်ဒိုနီးရှား ဗဟိုဘဏ်မှ မကြာခင်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၂၀၁၈ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ တည်ငြိမ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမှု၊ အထူးသဖြင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် တိုးလာကြောင်း၊  ဗဟိုဘဏ် ဥက္ကဋ္ဌ ပယ်ရီက ယင်းသည် အင်ဒိုနီးရှား စီးပွားရေး အပေါ် ဈေးကွက်များမှ အကောင်းဘက်မှ မြင်နေသည်ကို ပြဆိုနေကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

၂၀၁၈ခုနှစ် စတုတ္ထ ၃လပတ်မှစ၍ နိုင်ငံတကာ ရင်းနှီးမှုသည် အင်ဒိုနီးရှားသို့ ပြန်လည် ဝင်ရောက်လာကြောင်း၊ အစိုးရသည် အတိုးနှုန်း တိုးမြှင့်ခြင်း၊ သွင်းကုန် ကန့်သတ်မှုနှင့် အစုရှယ်ယာ ဈေးကွက် အပေါ် ဝင်ရောက်စွက်ဖက်ခြင်း စသည့် ဆောင်ရွက်ချက်များကို ကျင့်သုံးလာခဲ့ကြောင်း၊ လက်ရှိအချိန်က အင်ဒိုနီးရှား၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃ရာခိုင်နှုန်းပင် ရှိကြောင်း၊ ငွေကြေး နယ်ပယ်တွင် အကျိုးအမြတ် ရရှိရန် ရှေ့အလားအလာ များစွာရှိနေသေးကြောင်း သိရသည်။

သို့သော် အင်ဒိုနီးရှား ဗဟိုဘဏ်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အန္တရာယ်များ အပေါ် သတိထားနေသေးကြောင်း၊ ဥက္ကဋ္ဌ ပယ်ရီက ဗဟိုဘဏ်မှ အင်ဒိုနီးရှား ရူပီးယာငွေ တန်ဖိုး အားကောင်းစေရေး မူဝါဒ တွန်းအားပေးခြင်းကို ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြားသည်။

 

   Webradio