• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် အဖိုးတန်လှသော အတွေ့အကြုံများ ပေးသည်ဟု လာအိုသဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင် ဝန်ကြီးဆို

(GMT+08:00) 2019-01-31 14:52:45

မကြာခင်က တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် လာအိုသဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီး စုမ်မတ် ပိုလ်စေနာက လွန်ခဲ့သည့် နှစ်ပေါင်း၄၀အတွင်း တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးရာ၌ တစ်ကမ္ဘာလုံးက အာရုံစိုက်ကြပြီး ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်၏ မိတ်ဆွေကောင်း ဖြစ်သည့် အနေနှင့် မိမိတို့ တစ်အိမ်သားလုံးသည် တရုတ်ပြည်မှ ရရှိသော တိုးတက်မှု အတွက် ဝမ်းသာမိကြောင်း ပြောကြားသည်။

၎င်းက ယခု တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စုနှင့် ကြီးမားသော သြဇာသက်ရောက်မှု ရှိသည့် နိုင်ငံကြီး ဖြစ်လာကြောင်း၊ တရုတ်ပြည်သည် ဆင်းရဲသူ သန်းပေါင်း ၃-၄ရာ၏ ဆင်းရဲမှုကို ပပျောက်စေပြီး လူသား ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းကြောင်းတွင် မဟာဆောင်ရွက်ချက် ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်များတွင် တရုတ် စီးပွားရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက တွန်းအားပေးမှုဖြစ်လာကြောင်း၊ တရုတ်ပြည်၏ သိပ္ပံနည်းပညာ အရည်အချင်း သည်လည်း အဆက်မပြတ် တိုးမြင့်လာပြီး နယ်ပယ်များစွာတွင် ကမ္ဘာရှေ့တန်းတွင် ရောက်နေကြောင်း ပြောကြားသည်။

ထို့အပြင်၊ စုမ်မတ် ပိုလ်စေနာက လာအိုနှင့် တရုတ်ပြည်တို့သည် ဆိုရှယ်လစ် နိုင်ငံ ဖြစ်ကြကြောင်း၊ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုသည် လာအို စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဖိုးတန်လှသော အတွေ့အကြုံများစွာ ထောက်ပံ့ ပေးကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကျင့်သုံးခြင်းကြောင့် တရုတ်ပြည် ဖွံ့ဖြိုး တိုးတက်လာကြောင်း၊ ယင်းသည် လာအို အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများကို အားပေး အားမြှောက်နေကြောင်းလည်း ပြောကြားသည်။

   Webradio