• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သို့ တင်သွင်းသော ဗီယက်နမ် ဖရဲသီးများကို IDပေး

(GMT+08:00) 2019-01-30 14:18:01

တရုတ် ရိုးရာ နှစ်သစ် ကျရောက်လာမည့် အခါသမယတွင် တရုတ်ပြည်သူများသည် နှစ်သစ်ကူး ကုန်ပစ္စည်းများကို ဝယ်ယူနေကြကြောင်း၊ မကြာခင် ရက်များက ဗီယက်နမ် ဖရဲသီးများကို တင်ဆောင်ထားသော ကုန်တင်ကားများသည် တရုတ်ပြည် ကွမ်ရှီး ဖိန်ရှန် နယ်စပ်စခန်းသို့ ဝင်ရောက်လာကြကြောင်း၊ ဖရဲသီး တစ်လုံးစီ ပေါ်တွင် QRတစ်ခု ကပ်ထားကြောင်း၊ ဖိန်ရှန် အကောက်ခွန်ရုံးမှ ဝန်ထမ်းသည် ဖရဲသီးပေါ်ရှိ QRကို scanဖတ်ပြီး ၄င်းဖရဲသီး၏ ထုတ်လုပ်သူ ကုမ္ပဏီ၏နာမည်၊ ယင်းဖရဲသီးများ စိုက်ပျိုးသည့် သစ်သီးခြံ၏ မှတ်ပုံတင် နံပါတ်၊ ယင်းဖရဲသီးများ ထည့်သွင်းထုပ်ပိုးသူ၏ မှတ်ပုံတင်နံပါတ်၊ ကုန်တင်ကား၏ သတင်းအချက်အလက်၊ ဖရဲသီးများကို တင်သွင်းသည့် ကုမ္ပဏီ၏ နာမည်၊ လိပ်စာ၊ ဆက်သွယ်ရန် ရှိသူ၏ သတင်းအချက်အလက်များကို သိရှိနိုင်ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ဖိန်ရှန် နယ်စပ်စခန်းမှ ဝန်ထမ်း တစ်ဦးက ၄င်းQRသည် ဖရဲသီး၏ IDကတ် ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့က ဗီယက်နမ်မှစ၍ တရုတ်ပြည်သို့ တင်သွင်းသော ဖရဲသီးများပေါ်တွင် QRကို ကပ်ထားခြင်း ဖြစ်ကြောင်း၊ တရုတ် အကောက်ခွန်ရုံး ဝန်ထမ်းနှင့် ဝယ်ယူသုံးစွဲသူများသည် ၄င်းQRကို scanဖတ်ပြီး ဖရဲသီးနှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို သိရှိနိုင်ကြောင်း သတင်းထောက်အား ပြောကြားသည်။

တရုတ်နှင့် ဗီယက်နမ် နယ်စပ်ဒေသရှိ ကွမ်ရှီးဖိန်ရှန်သည် တရုတ်ပြည် ကုန်းတွင်းတွင် အကြီးဆုံး သစ်သီးဝလံများ တင်သွင်းဝယ်ယူမှုနှင့် တင်ပို့ရောင်းချမှု နယ်စပ်စခန်း ဖြစ်ပြီး "တရုတ်-အာဆီယံ သစ်သီးဝလံမြို့တော်"ဟု အများက ခေါ်ဝေါ်ကြကြောင်း၊ တရုတ်ပြည်သို့ တင်သွင်းသော သစ်သီးဝလံများ၏ ၄ပုံ၁ပုံသည် ဖိန်ရှန်မှတစ်ဆင့် တရုတ်ဈေးကွက်တွင် ဝင်ရောက်လာကြောင်း သိရသည်။

   Webradio