• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာတွင် ချည်ထည်ပစ္စည်းနှင့် အဝတ်အစား တင်ပို့ရောင်းချမှု တတိယ အများဆုံး နိုင်ငံ ဗီယက်နမ် ဖြစ်လာ

(GMT+08:00) 2019-01-29 14:35:40

မကြာခင်နှစ်များက တရုတ်ပြည် လုပ်ငန်းဖွဲ့စည်းပုံ ထိန်းညှိမှု ဆောင်ရွက်သည်နှင့်အမျှ လုပ်အား အများအပြား လိုအပ်သည့် လုပ်ငန်းများသည် ပင်လယ်ကမ်းရိုးတန်းဒေသမှ လုပ်အားခ ပိုမိုနည်းပါးသည့် ကုန်တွင်းပိုင်းပြည်နယ်များသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ သို့မဟုတ်လျှင် ပြည်ပသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ ဗီယက်နမ်သည် ၄င်းနိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ဗီယက်နမ် ချည်ထည်ပစ္စည်းနှင့် အဝတ်အစား အုပ်စု မန်နေဂျာချုပ် လီကျင်ချန်က မကြာခင်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ၂၀၁၈ခုနှစ်၌ ပြည်ပသို့ ဗီယက်နမ်၏ ချည်ထည်ပစ္စည်းနှင့် အဝတ်အစား တင်ပို့ရောင်းချမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၃့၆ဘီလီယံရှိပြီး ၂၀၁၇ခုနှစ်ကထက် ၁၆ရာခိုင်နှုန်း တိုးလာသည်ဟု ပြောကြားကြောင်း၊ ဗီယက်နမ်သည် တရုတ်နှင့် အိန္ဒိယ ပြီးလျှင် ကမ္ဘာပေါ်၌ ချည်ထည်ပစ္စည်းနှင့် အဝတ်အစား တင်ပို့ရောင်းချမှု တတိယ အများဆုံး နိုင်ငံ ဖြစ်လာကြောင်း ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့က ထုတ်ပြန်သည့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အွန်လိုင်းသတင်းစာမှ သတင်းကို ကိုးကား၍ တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

   Webradio