• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာဘာသာ နောက်ခံစကားပြော တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းများကို မြန်မာတွင်  ထုတ်လုပ်မှု၌ အောင်မြင်မှုများ ရရှိ

(GMT+08:00) 2019-01-28 15:08:01

    ၂၀၁၃ခုနှစ်က စီအာအိုင်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန(MRTV)တို့ သည် မြန်မာဘာသာ နောက်ခံစကားပြော တရုတ် တီဗီဇာတ်လမ်းတွဲ "ရွှေမင်းသား၏ သုခကမ္ဘာ" ဘာသာပြန် ထုတ်လုပ်မှုလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ ပရိသတ်များသည် ၄င်းတီဗီဇာတ်လမ်းတွဲကို အလွန် ကြိုက်နှစ်သက်ကြကြောင်း၊ ထို့နောက် MRTVသည် စီအာအိုင်၊ တရုတ်ပြည် ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနတို့နှင့် မြန်မာဘာသာ နောက်ခံစကားပြော တရုတ်ရုပ်ရှင်နှင့်တီဗီဇာတ်လမ်းများ ဘာသာပြန် ထုတ်လုပ်မှုကို ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး တရုတ် တီဗီဇာတ်လမ်းတွဲ ၇ခုကို ဘာသာပြန် ထုတ်လုပ်ကာ မြန်မာ နိုင်ငံတွင် ထုတ်လွှင်ခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်က MRTVနှင့် တရုတ်ပြည် ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနတို့သည် "တရုတ်တီဗီဇာတ်လမ်း" အစီအစဉ် ပူးပေါင်းထုတ်လုပ်ခြင်း သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြကြောင်း၊ ၂၀၁၆ခုနှစ်က စီအာအိုင်သည် မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ  ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဘာသာပြန် ထုတ်လုပ်ရေး စခန်းကို တည်ဆောက်ခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ ရွှေသံလွင် မီဒီယာ အုပ်စု ဒုဥက္ကဋ္ဌ ဦးကိုကိုက Skynetသည် မြန်မာ ဘာသာ နောက်ခံစကားပြော တရုတ်ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းများ ဘာသာပြန် ထုတ်လုပ်မှုနှင့် ထုတ်လွှင့်မှု နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တလျှောက်လုံး ရှာကြံပြုလုပ်ကြောင်း၊ ရည်ရွယ်ချက်မှာ မြန်မာ ပြည်သူများ၏ ဖျော်ဖြေရေးကို ကောင်းမွန်ပေါကြွယ်လာစေပြီး ဖျော်ဖြေရေးကို ဖွံ့ဖြိုးတိုးတက်လာစေသည့် တစ်ချိန်တည်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်မှုကို တိုးပွားစေရန် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio