• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်နှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2019-01-22 15:02:57

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၁ရက်နေ့က ပီကင်းတွင် အလည်အပတ် ရောက်ရှိနေသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ် ရှိသော ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရန် ရည်မှန်းထားပြီး ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အဓိက လုပ်ငန်းများကို တစ်ဆင့်တိုး သတ်မှတ်ပေးကာ လာမည့် နှစ်ပေါင်း ၆၀အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ကောင်းမွန်သော အစပျိုးခြင်းကို ဖန်တီးပေးရန် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် ဟွန်ဆင်က တရုတ် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်သူများ ရရှိခဲ့သော ကြီးမားသည့် အောင်မြင်မှုများကို ဂုဏ်ပြုကြောင်း၊ ကမ္ဘောဒီးယား-တရုတ် အစဉ်အလာ ချစ်ကြည်ရေးနှင့် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် တည်တံ့ခိုင်မြဲလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း အတွက် ဝမ်းသာမိကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် ကမ္ဘောဒီးယား အပေါ် တရုတ်ပြည်မှ ခိုင်မာပြတ်သားသော အားပေး ထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘောဒီးယား၊ အထူးသဖြင့် ကမ္ဘောဒီးယား ဘုရင့် မိသားစု အပေါ် တရုတ်ပြည်မှ ထားရှိသော ချစ်ခင်ရင်းနှီးမှုကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု အားဖြည့်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရှီကျင့်ဖိန်မှ အရေးကြီး ထင်မြင်ယူဆချက်များကို သဘောတူကြောင်း၊ တရုတ်ပြည်နှင့် Belt and Roadကို အတူတည်ဆောက်ကြလိုကြောင်း ပြောကြားသည်။

   Webradio