• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနှင့် ကမ္ဘောဒီးယားထွက် ဆန်များ အပေါ် ဥရောပ သမဂ္ဂ အခွန် ကောက်ယူမည်

(GMT+08:00) 2019-01-21 15:45:36

ဥရောပ သမဂ္ဂ ကော်မရှင်က ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံမှ တင်သွင်းသည့် ဆန်များ အပေါ် ယခုလ ၁၈ရက်နေ့က အခွန် စတင် အာဏာတည်မည် ဖြစ်ကြောင်း၊ ရည်ရွယ်ချက် မှာ အီတလီနှင့် စပိန် အပါအဝင် ဥရောပသမဂ္ဂ နိုင်ငံများမှ ဆန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် ဖြစ်ကြောင်း ယခုလ ၁၆ရက်နေ့က ဖော်ပြသည်ဟု ကမ္ဘောဒီးယား ဆန်စပါး အဖွဲ့ချုပ်က ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘောဒီးယားနှင့် မြန်မာတို့သည် ဖွံ့ဖြိုးမှု အားနည်းသည့် နိုင်ငံများ ဖြစ်သောကြောင့် မူလက ဥရောပ သမဂ္ဂသည် လက်နက်နှင့် ခဲယမ်းမီးကျောက်မှလွဲ၍ နှစ်နိုင်ငံမှ ဥရောပ သမဂ္ဂသို့ တင်ပို့သော ကုန်ပစ္စည်းများ အပေါ် အခွန် ကင်းလွတ်ခွင့်ကို ကျင့်သုံးကြောင်း သိရသည်။

ဥရောပ သမဂ္ဂမှ ယင်းဆုံးဖြတ်ချက်ကြောင့် ဥရောပ သမဂ္ဂ ဈေးကွက်တွင် မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံမှ ထုတ်လုပ်သည့် ဆန်များသည် အခြား နိုင်ငံများထွက် ဆန်များ အပေါ် ဈေးနှုန်းဆိုင်ရာ အားသာချက်ကို ဆုံးရှုံးမည် ဖြစ်ပြီး နှစ်နိုင်ငံမှ ဆန်များ၏ ရောင်းချမှုကို ထိခိုက်စေမည် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

သို့သော် Belt and Road အဆိုပြုချက်ကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်ပြီး တရုတ်-အာဆီယံ ကုန်သွယ်ရေး လမ်းကြောင်း တည်ဆောက်ရေးကို တွန်းအားပေးသည် နှင့်အမျှ မြန်မာနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ ဆန်များသည် တရုတ် ဈေးကွက်အတွင်းသို့ ပိုမိုများပြားစွာ ဝင်ရောက်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio