• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်ဝမ် မွေးချင်းပေါက်ဖော်များထံသို့ ကြေညာစာတမ်း ထုတ်ပြန်သည့် နှစ်၄၀ပြည့် နှီးနှောဖလှယ်ပွဲ ဖိလစ်ပိုင်တွင် ကျင်းပ

(GMT+08:00) 2019-01-14 14:41:42

ဖိလစ်ပိုင်းနိုင်ငံရှိ တရုတ် ငြိမ်းချမ်းရေးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ခြင်း တိုးမြှင့်ရေး အဖွဲ့မှ ဦးစီးမှုဖြင့် ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွား အသင်းအဖွဲ့များ၏ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များထံသို့ ကြေညာစာတမ်း ထုတ်ပြန်သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲကို ယခုလ ၁၃ရက်နေ့က မနီလာမြို့တော်တွင် ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ဖိလစ်ပိုင် ဆိုင်ရာ တရုတ် သံရုံး သံမှူးကြီး ထန်ချင်ရှင်သည် ၄င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဂျပန် ကျူးကျော်မှု စစ်ပွဲတွင် ပါဝင်ခဲ့သော ဖိလစ်ပိုင်ရောက် တရုတ် တပ်သားဟောင်း၊ ဖိလစ်ပိုင်ရှိ တရုတ် ဘာသာစကား သင်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွား အသင်းအဖွဲ့ ၁၀ခုကျော် အပါအဝင် ဖိလစ်ပိုင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၃၀၀ကျော်သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

၎င်းပူးတွဲကြေညာချက်တွင် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များထံသို့ ကြေညာစာတမ်း ထုတ်ပြန်သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် အစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် ပြောကြားသည့် အရေးကြီး မိန့်ခွန်းသည် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက် ညွှန်းပြခဲ့ကြောင်း၊ ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွားများသည် ရေလက်ကြား နှစ်ဖက်ကမ်း ငြိမ်းချမ်းရေးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အတွက် သွေးစည်းညီညွတ်ပြီး မလျှော့သောဇွဲဖြင့် အားထုတ်ကြိုးပမ်းကြမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု သိရသည်။

   Webradio