• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် comprehensive bonded ဇုန် တံခါးဖွင့်ရေးကို တိုးမြှင့်မည်

(GMT+08:00) 2019-01-11 09:41:22

တရုတ်နိုင်ငံသည် မကြာမီတွင် comprehensive bonded ဇုန် အရည်အသွေး မြင့်မားစွာ တံခါးဖွင့်ရေးနှင့် ဖွံ့ဖြိုးမှု တိုးမြှင့်ရေးဆိုင်ရာ လမ်းညွှန်ချက်စာတမ်းကို ထုတ်ပြန်မည် ဖြစ်ပြီး ယင်းစာတမ်းတွင် ဆောင်ရွက်ချက်သစ် ၂၁ ရပ်ကို တင်ပြသွားမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဇောက်ချ ပြုလုပ်သည်နှင့် အမျှ၊ comprehensive bonded ဇုန် အပါအဝင် အကောက်ခွန်ဌာနများ အထူး ကြပ်မတ်ရေးဇုန်များသည် တရုတ်ပြည် တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့တန်းပြေး ဇုန်နေရာနှင့် ကုန်ပစ္စည်း အချောကိုင် ကူးသန်းရောင်းဝယ်မှု အဆင့်မြှင့်တင်ရေးလုပ်ငန်းများ စုစည်းရာ ဇုန်နေရာ ဖြစ်လာပြီ ဖြစ်ကြောင်း၊ comprehensive bonded ဇုန်သည် နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ရွှေပြောင်းခြင်း၊ ဒေသတွင်း စီးပွါးရေး ညှိနှိုင်း ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း၊ နိုင်ငံခြား ကုန်သွယ်မှု တိုးမြှင့်ခြင်းနှင့် အလုပ်အကိုင်နေရာများ တိုးချဲ့ခြင်းတို့အတွက် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio