• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှားရောက် တရုတ် အနွယ်ဖွား ပြတိုက် မီဒီယာနည်းလမ်း မျိုးစုံဖြင့် ပြသ

(GMT+08:00) 2019-01-08 15:01:24

မလေးရှား နိုင်ငံရှိ မလေးရှားရောက် တရုတ် အနွယ်ဖွား ပြတိုက်ကို ဖွင့်လှစ်သည်မှာ နှစ်ဝက်ကျော်ကြာ ရှိပြီ။ ယင်းပြတိုက်သည် မလေးရှားရောက် တရုတ် အနွယ်ဖွားများ၏ သမိုင်းနှင့် လက်ရှိ အခြေအနေကို ဘက်စုံပြသထားသော ပထမဆုံး ပြတိုက်ဖြစ်ကြောင်း တရုတ် သတင်းဌာနက ဖော်ပြသည်။

မလေးရှားရောက် တရုတ် အနွယ်ဖွား ပြတိုက်၏ အမှုဆောင် ဒါရိုက်တာ လင်ကြားဟော်က ၄င်းပြတိုက်သည် သက်ဆိုင်ရာ ဗီဒီယိုနှင့် မိတ်ဆက်ချက်များကို တရုတ်၊ အင်္ဂလိပ်နှင့် မလေးရှား ဘာသာစကား ၃မျိုးဖြင့် ပြသထားကြောင်း၊ ပြတိုက်သည် မီဒီယာ နည်းလမ်း မျိုးစုံကို အပြည့်အဝ အသုံးပြုပြီး မလေးရှားတွင် တရုတ် အနွယ်ဖွားများ အခက်အခဲများ ကျော်လွန်၍ လုပ်ငန်း စတင်တည် ထောင်သည့် အကြောင်းအရာများကို ပြသထားကြောင်း ပြောကြားသည်။

၎င်းပြတိုက်တွင် တရုတ် အနွယ်ဖွားများ တည်ထောင်သည့် ရွှေရောင်းဆိုင်၊ စာအုပ်ဆိုင်၊ ကော်ဖီဆိုင်နှင့် လမ်းဘေး သွားရည်စာ ဈေးဆိုင်များကို ပြသထားကြောင်း၊ ယင်းဆိုင်များတွင် "ဖူကျန်း"စာအုပ်ဆိုင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ခန့်အချိန်က စတင် ဖွင့်လှစ်ပြီး ယခုအထိ ဖွင့်ထားနေသေးကြောင်း လင်ကြားဟော်က ပြောကြားသည်။

ပြတိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀-၈၀အချိန်က မလေးရှား ဈေးတန်းများတွင် အသံသွင်းခဲ့သည့် ရောင်းရန်ရောင်ရန်ဟု အော်သံများကို ပရိသတ်များအား ထုတ်လွှင့်ပြီး ပရိသတ်များ သမိုင်းကို နားထောင်နိုင်ကြောင်း လင်ကြားဟော်က မိတ်ဆက် ပြောကြားသည်။

ထို့အပြင်၊ ၄င်းပြတိုက်သည် ARနှင့်VR အပါအဝင် ခေတ်မီ သိပ္ပံနည်းပညာများဖြင့် ပရိသတ်များအား သမိုင်းကို ထိတွေ့ခံစားနိုင်ကြောင်း၊ ၄င်းပြတိုက် ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်းတွင် လာရောက်ကြည့်ရှုခဲ့သော ပရိသတ်၏ တစ်ဝက်ကျော်သည် လူငယ်များ ဖြစ်ကြောင်း လင်ကြားဟော်က ပြောကြားသည်။

   Webradio