• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နှစ်မျိုးစပ် ဆန်စပါးသည် အရှေ့တောင် အာရှ၏ စားသောက်ရေး ပြဿနာ ဖြေရှင်းရန် မျှော်လင့်ချက် ရောင်ခြည် သန်းလာ

(GMT+08:00) 2019-01-07 15:03:33

၁၉၉၀ပြည့်နှစ် အစပိုင်းတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့သည် နှစ်မျိုးစပ် ဆန်စပါး စိုက်ပျိုးရေး ပြန့်ပွားခြင်းကို ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စားနပ်ရိက္ခာ ချို့တဲ့မှု ပြဿနာ ဖြေရှင်းရေး အတွက် ပထမ မဟာဗျူဟာမြောက် ဆောင်ရွက်ချက် အဖြစ် ထားပြီး အရှေ့တောင် အာရှ နိုင်ငံများသည် နှစ်မျိုးစပ် ဆန်စပါး စိုက်ပျိုးမှုကို ပြန့်ပွားစေခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

 ထိုအချိန်က တရုတ် အင်ဂျင်နီယာ အကယ်ဒမီ အသင်းဝင်၊ "နှစ်မျိုးစပ် ဆန်စပါး၏ ဖခင်"ဟု အများက ခေါ်ဝေါ်ကြသည့် ယွမ်လုံဖိန်နှင့် အခြား ပညာရှင်များသည် အရှေ့တောင် အာရှ နိုင်ငံများ၏ မြေဆီလွှာနှင့် ရာသီဥတု အခြေအနေ၏ ဝိသေသ ထူးခြားချက်နှင့် အညီ အရှေ့တောင် အာရှ နိုင်ငံများနှင့် သင့်တော်သည့် နှစ်မျိုးစပ် ဆန်စပါး အမျိုးမျိုးကို သုတေသန ဖော်ထုတ်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် စသည့် အရှေ့တောင် အာရှ နိုင်ငံများ၌ ကျယ်ဝန်းသော တရုတ် နှစ်မျိုးစပ် ဆန်စပါး စိုက်မြေများကို တွေ့နိုင်ကြောင်း၊ ယင်းတရုတ်ပြည်မှ လာရောက်သည့် နှစ်မျိုးစပ် ဆန်စပါးသည် အရှေ့တောင် အာရှ ပြည်သူများ၏ စားသောက်ရေး ပြဿနာ ဖြေရှင်းရန် အတွက် မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီ ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio