• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နမ် နိုင်ငံတကာ ရထားသည် တရုတ်နှင့် အာဆီယံ အကြား ဝန်ထမ်း သွားလာမှု အတွက် သီးသန့် အထူးလမ်းကြောင်း ဖြစ်လာ

(GMT+08:00) 2019-01-02 16:14:03

လွန်ခဲ့သည့် ၁၀နှစ် အတွင်း အမှတ် T8701/8702 တရုတ်-ဗီယက်နမ် နိုင်ငံတကာ ရထားသည် သယ်ယူပို့ဆောင်ခဲ့သည့် စုစုပေါင်း ခရီးသည် ဦးရေမှာ ၄သိန်းကျော် ရှိကြောင်း တရုတ် ရထားလမ်း အုပ်စု (China Railway) လက်အောက်ခံ နန်နင်း ရထားလမ်း ကော်ပိုရေးရှင်းမှ ယခုလ ၁ရက်နေ့က ထုတ်ပြန်သော စာရင်းကို ကိုးကား၍ တရုတ် သတင်းဌာနက ဖော်ပြသည်။

 ယင်းရထားသည် တရုတ်နှင့် အာဆီယံ အကြား ဝန်ထမ်း သွားလာမှု အတွက် သီးသန့် အထူးလမ်းကြောင်း ဖြစ်လာကာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှတ် T8701နိုင်ငံတကာ ရထား၏ တာဝန်ခံ ဟွမ်ကျွင့်ကျယ်က လွန်ခဲ့သည့် ၁၀နှစ် အတွင်း ပိုမိုများပြားသည့် ကုန်သည်၊ ကျောင်းသူကျောင်းသားနှင့် အစိုးရ ဝန်ထမ်းများသည် မိမိတို့၏ ရထားကို စီးပြီး တရုတ်နှင့် ဗီယက်နမ် အကြား အသွားအလာပြုကြောင်း၊ အမှတ် T8701/8702 တရုတ်-ဗီယက်နမ် နိုင်ငံတကာ ရထားသည် နှစ်နိုင်ငံ ပြည်သူများ အတွက် အဆင်ပြေမှု ဆောင်ကြဉ်းလာကြောင်း ပြောကြားသည်။

အမှတ် T8701/8702 တရုတ်-ဗီယက်နမ် နိုင်ငံတကာ ရထား စတင် ပြေးဆွဲခဲ့သည့် နောက်ပိုင်းတွင် သယ်ယူပို့ဆောင်သည့် ခရီးသည် ဦးရေ နှစ်စဉ် ပျမ်းမျှ တိုးနှုန်းမှာ ရာခိုင်နှုန်း ၂၀ရှိကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

 

 

 

   Webradio