![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ် နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ လူခန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က တရုတ်-အမေရိကန် သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၄၀ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရသည်။
ထိုသို့ပြောကြားရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ်-အမေရိကန် ဆက်ဆံမှု မိုးဒဏ်လေဒဏ်ခံခဲ့ရသော်လည်း ဖွံ့ဖြိုးတိုးတက်ကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် သမိုင်းဝင် တိုးတက်မှု ရရှိခဲ့ကြောင်း၊ ၄င်းတိုးတက်မှုများကို ရရှိရန် မလွယ်ကြောင်း၊ သက်ဆိုင်ရာ အတွေ့အကြုံများကို နည်းယူလေ့လာရန် လိုကြောင်း၊ ယခုတွင် နှစ်နိုင်ငံ ဆက်ဆံမှုသည် သမိုင်းဝင် အစပျိုးအချိန်၌ ရှိနေကြောင်း ပြောကြားသည်။