• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး နှစ် ၄၀ ပြည့် နိုင်ငံတကာဥပဒေများ လုပ်ငန်း ဆွေးနွေးပွဲ ပီကင်း၌ ကျင်းပ

(GMT+08:00) 2018-12-29 09:27:18

တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး နှစ် ၄၀ ပြည့် နိုင်ငံတကာဥပဒေများ လုပ်ငန်း ဆွေးနွေးပွဲကို ယခုလ ၂၈ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို နိုင်ငံခြားရေးရာ လုပ်ငန်း ကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယန်ကျယ်ချီက၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်သည့် နှစ် ၄၀ အတွင်း၊ ပါတီဗဟိုကော်မတီ၏ အားကောင်းသော ဦးဆောင်မှုဖြင့်၊ တရုတ်နိုင်ငံ၏ နိုင်ငံတကာဥပဒေဆိုင်ရာ လုပ်ငန်းများတွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ ယင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးအတွက် အကျိုးရှိသည့် ပြင်ပ ပတ်ဝန်းကျင်ကို ဖန်တီး ပေးသည့်အပြင်၊ ကမ္ဘာ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှု တွန်းအား ပေးရေးအတွက်လည်း အကျိုးပြုခဲ့ကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio