• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဖိုရမ် ကျင်းပ

(GMT+08:00) 2018-12-21 14:50:30

တရုတ်-ဗီယက်နမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဖိုရမ်ကို ယခုလ ၂၀ရက်နေ့က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ဖိုရမ်ကို ပိုအော် အာရှ ဖိုရမ်၊ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဟနွိုင်းမြို့ ပြည်သူ့ကော်မတီ၊ ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး အသင်းနှင့် ဗီယက်နမ် ဆိုင်ရာ တရုတ် သံရုံးတို့ ပူးတွဲ ဦးစီးကျင်းပခဲ့ကြကြောင်း သိရသည်။

တရုတ် လုပ်ငန်းကုမ္ပဏီများသည် ယခုအကြိမ် ဖိုရမ်ဖြင့် ဗီယက်နမ် စီးပွားရေး အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားကုန်သွယ်မှု လုပ်ကိုင်ဆောင်ရွက်ရေး အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး မူဝါဒများကို နက်ရှိုင်းစွာ သိရှိနားလည်ပြီး ဗီယက်နမ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ကူးလူးဖလှယ်ကာ အပြန်အလှန် အကျိုးရှိစေသည့် စီးပွားရေး အခွင့်ကောင်းများကို ရှာကြံ၍ တရုတ်-ဗီယက်နမ် စီးပွားကုန်သွယ်ရေး ဆိုင်ရာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio