![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ကျင်းပသော တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံ၌ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသည့် အရေးကြီး မိန့်ခွန်း အပေါ် ကင်ညာ နိုင်ငံ အလွှာပေါင်းစုံမှ လှိုက်လှဲစွာ တုံ့ပြန်နေကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ကင်ညာ နိုင်ရိုဘီ တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး သိပ္ပံကျောင်း ပညာရှင် ပက်တရစ် မာလူကီက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု၌ တစ်ကမ္ဘာလုံးက အာရုံစိုက်ကြပြီး ကြီးမားသော အောင်မြင်မှုများ ရရှိပြီး တရုတ်ပြည်ကို တစ်ကမ္ဘာလုံးက ပြန်လည် သိရှိနားလည်စေကာ ကမ္ဘာပေါ်က အခြားနိုင်ငံများ၊ အထူးသဖြင့် အာဖရိက နိုင်ငံများ အတွက် အခွင့်ကောင်းများကို ဖန်တီးပေးကြောင်း ပြောကြားသည်။