• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Sunday  may 11th   2025   

ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် တရုတ်ပြည် တံခါးဖွင့်မှု တိုးချဲ့ဆောင်ရွက်ရမည်

(GMT+08:00) 2018-12-21 14:47:42

ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ကျင်းပသော တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံ၌ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားရာတွင် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ခဲ့ကြောင်း၊ အဖိုးတန်သည့် အတွေ့အကြုံ ၉ချက်တွင် တစ်ချက်က တရုတ်ပြည် အနေနှင့် တံခါးဖွင့်မှု တိုးချဲ့ခြင်းကို စွဲကိုင်ပြီး လူသား ကံကြမ္မာ အသိုက်အဝန်း အတူတည်ဆောက်ရေးကို အဆက်မပြတ် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ယင်းအချက်သည် တရုတ် စီးပွားရေး ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် အတွက် အရေးကြီးသော လမ်းညွှန်မှု အနက်အဓိပ္ပါယ် ရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်၄၀အချိန်က တရုတ်ပြည်၏ ကုန်ပစ္စည်း ကုန်သွယ်မှု ပမာဏသည် ကမ္ဘာပေါ်တွင် အဆင့် ၂၉ခုမြောက် နေရာတွင် ရှိကြောင်း၊ ယခု တရုတ်ပြည်သည် ကမ္ဘာပေါ်က ကုန်သွယ်မှု အများဆုံးသော နိုင်ငံဖြစ်လာပြီး နိုင်ငံနှင့် ဒေသ ၁၂၀၏ အကြီးဆုံး ကုန်သွယ်ဖက်လည်း ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်က တံခါးဖွင့်မှုကြောင့် တိုးတက်မှု ရရှိသည်၊ တံခါးပိတ်ထားမှုကြောင့် ခေတ်နောက်ကျသည်ဟု ပြောကြားခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ် စီးပွားရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းမှ ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသို့ ပြောင်းလဲ နေကြောင်း၊ ယခုနှစ်တွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြည်တွင်းပြည်ပ နေရာများစွာတွင် ရှင်းလင်းပြတ်သားပြီး တိကျမှန်ကန်သော သဘောထား အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ဖူးကြောင်း၊ ၄င်းသဘောထားမှာ တရုတ်ပြည် အနေနှင့် တံခါးဖွင့်မှုကို မည်သည့်အခါမျှ ရပ်စဲမည် မဟုတ်ကြောင်း၊ လွန်ခဲ့သည့် ၃-၄လအတွင်း တရုတ်ပြည်သည် အခွန်တော် အဆင့်ကို ၇့၅ရာခိုင်နှုန်းအထိ လျှော့ချပြီး ငွေကြေး၊ မော်တော်ယာဉ်၊ လေယာဉ်နှင့် သင်္ဘောစသည့် နယ်ပယ်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တစ်ဆင့်တိုး တံခါးဖွင့်ထားကြောင်း၊ လွန်ခဲ့သည့် ၁နှစ်အတွင်း တရုတ်ပြည်၏ စီးပွားကုန်သွယ်ရေး လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေသည် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် အဆင့်နေရာ ၃၀နေရာကျော် တိုးမြင့်လာကြောင်း၊ ယင်းသည် တရုတ်ပြည်မှ တစ်ကမ္ဘာလုံးအား ဈေးကွက် ဖွင့်ထားခြင်းက စိတ်ပိုင်းဖြတ်ထားမှု ရှိသည့်အပြင်၊ အလွန်မြင့်မားသည့် စွမ်းဆောင် နိုင်စွမ်းလည်း ရှိခြင်းကို ပြဆိုနေကြောင်း စီအာအိုင်က ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာတွင် Belt and Road တည်ဆောက်ရေးသည် တရုတ်ပြည် အနေနှင့် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် အတွက် အရေးကြီး ပလက်ဖောင်း ဖြစ်သည်ဟု ပြောကြားကြောင်း၊ Belt and Road တည်ဆောက်ရေး၏ အမြုတေအချက်ကတော့ အတူ ညှိနှိုင်းဆွေးနွေးရေး၊ အတူ တည်ဆောက်ရေးနှင့် အတူ မျှဝေခံစားရေး အခြေခံမူများ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည်နှင့် Belt and Roadဆိုင်ရာ နိုင်ငံများ၏ ကုန်ပစ္စည်း ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅ထောင်ကျော်ရှိပြီး ပြည်ပတွင် တရုတ်ပြည်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ ကန်ဒေါ်လာ ဘီလီယံ ၆၀ကျော်ရှိကာ သက်ဆိုင်ရာ နိုင်ငံများ အတွက် အလုပ်အကိုင် နေရာ ၂သိန်းကျော်ကို ဖန်တီးပေးခဲ့ကြောင်း၊ တရုတ်ပြည်၏ Belt and Roadအတူ တည်ဆောက်ရေး ပလက်ဖောင်းသည် win-win ဖြစ်ပြီး နိုင်ငံ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်မှုနှင့် လိုက်လျောညီထွေကာ တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ရေရှည် စီမံကိန်းနှင့် ကိုက်ညီ၍ လူသားကံကြမ္မာ အသိုက်အဝန်း၏ လက်တွေ့ဆောင်ရွက်မှုများကိုလည်း တွန်းအားပေးနေကြောင်း စီအာအိုင်က ဖော်ပြသည်။

no comments !
   Webradio