• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း-တရုတ် "Belt and Road" ပူးပေါင်းဆောင်ရွက်ရေး သုတေသနစင်တာကို ဘန်ကောက်တွင် ဖွင့်လှစ်

(GMT+08:00) 2018-12-20 14:26:32

ထိုင်းအမျိုးသား သုတေသန အကယ်ဒမီ ထိုင်း-တရုတ် မဟာဗျူဟာ သုတေသန စင်တာနှင့် တရုတ် ပြည်သူ့ တက္ကသိုလ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာ သုတေသန အကယ်ဒမီတို့ ပူးတွဲ တည်ထောင် ကြသော "Belt and Road" ပူးပေါင်းဆောင်ရွက်ရေး သုတေသနစင်တာ၏ ဆိုင်းဘုတ် ချိတ်တင်ပွဲကို ယခုလ ၁၈ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းစင်တာသည် ဝန်ထမ်းကူးလူးဖလှယ်ခြင်း၊ သုတေသန လုပ်ငန်း အစီအစဉ် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဌာနများအကြား လှုပ်ရှားမှုအတူ ပူးပေါင်းကျင်းပခြင်း ဖြင့် နှစ်နိုင်ငံ တတ်သိပညာရှင်များအဖွဲ့အကြား ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး "Belt and Road" လုပ်ငန်း အစီအစဉ်များ ညီညွတ်စေရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio