• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Sunday  may 4th   2025   

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်း အပေါ် နိုင်ငံတကာ မိသားစုကြီး အာရုံစူးစိုက်

(GMT+08:00) 2018-12-19 15:06:12

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံကို ယခုလ ၁၈ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် ကြီးကျယ်ခမ်းနား စွာ ကျင်းပခဲ့ကြောင်း၊ ၄င်းညီလာခံတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသည့် အရေးကြီး မိန့်ခွန်း အပေါ် နိုင်ငံတကာ မိသားစုကြီးသည် လွန်စွာ အာရုံစိုက်ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အီဂျစ် နိုင်ငံ Al-Ahramသတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ယခုလ ၁၈ရက်နေ့က "တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် အထိမ်းအမှတ်ပြု"ဟူသော ခေါင်းစဉ်ဖြင့် သုံးသပ်ရေး ဆောင်းပါးကို ရေးသားရာ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ်ပြည် အနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒ ကျင့်သုံးခြင်းဖြင့် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တဖြည်းဖြည်း အကောင်အထည်ဖော်ပြီး ပြည်သူများ အတွက် ချမ်းမြေ့သာယာမှုကို ဆောင်ကြဉ်းလာခဲ့သည်ဟု ချီးကျူးကြောင်း ဖော်ပြသည်။

ယခုလ ၁၈ရက်နေ့ထုတ် ဂျာမဏီ နိုင်ငံ Die Weltသတင်းစာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ်ပြည်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင် သည့်နိုင်ငံ တစ်နိုင်ငံမှ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အုပ်စုအဖြစ်သို့ ပြောင်းလဲလာ ကြောင်း၊ တံခါးဖွင့်မှုသည် စီးပွားရေး အတွက် ရှင်သန်မှုသစ် ဖော်ဆောင်ပေးမည်ဟု တရုတ် နိုင်ငံတော် ခေါင်းဆောင် သိမြင်ကြောင်း ရေးသားဖော်ပြသည်။

ရုရှား TASS သတင်းဌာနက ယခုလ ၁၈ရက်နေ့က ထုတ်ပြန်သည့် ဆောင်းပါး တစ်ပုဒ်တွင် တရုတ်ပြည်သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှု ရရှိရေးမူများကို တစ်လျှောက်လုံး စွဲကိုင်ပြီး တံခါးဖွင့်မှုရှိသော ကမ္ဘာ စီးပွားရေးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် ဥာဏ်စွမ်းဥာဏ်စ၊ တရုတ် နည်းလမ်းနှင့် တရုတ် အင်အားကို အဆက်မပြတ် အားပေးကြောင်း ရေးသားဖော်ပြသည်။

ဂျပန် The Asahi Shimbunသတင်းစာ အပါအဝင် အဓိက မီဒီယာများသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းကို ချီးကျူးကြောင်း၊ တောင်ကိုရီးယား yonhap သတင်းဌာနသည် ယခုလ ၁၈ရက်နေ့က တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံနှင့် ပတ်သက်၍ သတင်းနှင့် ဆောင်းပါးများစွာ ရေးသားဖော်ပြခဲ့ကြောင်းလည်း သိရသည်။

no comments !
   Webradio