• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံ ကြီးကျယ် ခမ်းနားစွာ ကျင်းပ

(GMT+08:00) 2018-12-18 16:03:11

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့် အထိမ်းအမှတ် ညီလာခံကို ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၄င်းညီလာခံတွင် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခြင်းသည် တရုတ်ပြည်သူနှင့် တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းကြောင်း တွင် မွန်မြတ်သော တော်လှန်ရေး တစ်ခု ဖြစ်ကြောင်း၊ ယင်းသည် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် လုပ်ငန်းကို တစ်ဟုန်ထိုးတိုးတက်ရန် တွန်းအားပေးခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးသည့် နှစ်ပေါင်း ၄၀အတွင်း ရရှိခဲ့သော အဖိုးတန်သည့် အတွေ့အကြုံများသည် ပါတီနှင့် ပြည်သူများ အတွက် အဖိုးတန်လှသည့် စိတ်ပိုင်းဆိုင်ရာ ဥစ္စာဓန ဖြစ်ပြီး ခေတ်ကာလသစ်တွင် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ်ကို စွဲကိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အလွန်အရေးကြီးသည့် လမ်းညွှန်မှု အနက်အဓိပ္ပါယ် ရှိကြောင်း၊ မိမိတို့သည် ယင်းအတွေ့အကြုံများကို ဆတက်ထမ်းပိုး တန်ဖိုးထားပြီး ရေရှည်စွဲကိုင်ကာ လက်တွေ့ဆောင်ရွက်မှုများတွင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio