• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ မိတ်ဆွေ ၁၀ ဦးတို့သည်၊ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ချစ်ကြည်ရေး ဆု​တံ​ဆိပ် ရရှိ

(GMT+08:00) 2018-12-18 11:21:50

       တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် တရုတ်နိုင်ငံတော်ကောင်စီတို့သည်၊ ယခုလ ၁၈ ရက်နေ့က Alain Merieuxအပါအဝင် နိုင်ငံတကာ မိတ်ဆွေ ၁၀ ဦးတို့အား တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ချစ်ကြည်ရေး ဆုတံဆိပ်ကို ချီးမြှင့်ပေး ခဲ့ပြီး၊ ၄င်းတို့အနေနှင့်၊ တရုတ်-နိုင်ငံခြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အချိန်ရှည်ကြာစွာ ကျားကန်ပေးခြင်း၊ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုဖြစ်စဉ်တွင် နက်ရှိုင်းစွာ ပါဝင် ဆောင်ရွက်ကြခြင်းနှင့် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုလုပ်ငန်း အားပေး ထောက်ခံရေးတွင် ထူးချွန်သော စွမ်းဆောင်မှုပြုခဲ့ကြခြင်းကို ချီးကျူးဂုဏ်ပြုသည့်အပြင်၊ တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု လုပ်ငန်းတွင် နိုင်ငံတကာ မိသားစုကြီး၏ အားပေး ထောက်ခံမှုနှင့် ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရသိရသည်။

   Webradio