• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အောင်ကျိုးရလဒ်များကို အာဆီယံ ထိပ်သီး ခေါင်းဆောင်များနှင့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ တက်ကြွစွာ ချီးကျူး

(GMT+08:00) 2018-12-17 19:26:33

ယခုနှစ်သည် တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့်မြောက်နှစ် ဖြစ်သည်။ အာဆီယံ ထိပ်သီး ခေါင်းဆောင်များနှင့် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် မတူခြားနားသည့် ရှုထောင့်မှနေပြီး တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုတွင် ရရှိခဲ့သော အောင်ကျိုးရလဒ်များ အပေါ် တက်ကြွစွာ ချီးကျူးကြောင်း သိရသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်သူများ၏ အပတ်တကုတ် အလုပ်လုပ်တတ်ခြင်းသည် တရုတ်ပြည်၏ ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှု ရရှိနိုင်သည့် အရင်းခံ အကြောင်းရင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်ကဲ့သို့သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိရန် မျှော်လင့်ကြောင်း ပြောကြားသည်။

မြန်မာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ အရာရှိ ဒေါ်ခင်မာအေးက တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း သုတေသန ဖော်ထုတ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှု အများအပြား ရှိခြင်းကြောင့် တရုတ် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း ပြောကြားသည်။

ထို့အပြင်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် မလေးရှား အပါအဝင် အာဆီယံ နိုင်ငံများမှ အရာရှိနှင့် ပညာရှင်များသည်လည်း တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အောင်ကျိုးရလဒ်များကို ချီးကျုးကြောင်း သိရသည်။

 

 

   Webradio