• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ပပုဂ္ဂိုလ်များ တရုတ်ပြည်တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးနှစ်၄၀အကြောင်းပြောကြား

(GMT+08:00) 2018-12-17 16:30:16

၁၉၇၈ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၁ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးကို ပီကင်း၌ ကျင်းပခဲ့သည်။ ယခုအကြိမ်အစည်းအဝေးကျင်းပသည့်အချိန်သည် တရုတ်နိုင်ငံ တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးမူဝါဒ စတင်ကျင့်သုံးသည့်အချိန်ပင်ဖြစ်သည်ဟု အများက ယူဆ ကြသည်။ နှစ်ပေါင်း ၄၀ အတွင်း လူမှုကုန်ထုပ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေရန်၊ တရုတ်ဆိုရှယ်လစ်စနစ် ပိုမိုပြည့်စုံကောင်းမွန်စေရန်ရည်ရွယ်သည့် တစ်ချိန်တည်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ရှေ့တန်းကျမှုကို အာမခံပေးရန်ရည်ရွယ်ထားသော မူဝါဒသည် အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ယင်းအောင်မြင်မှုများတွင် လူဦးရေသန်း၇၀၀၏ ဆင်းရဲမှုပပျောက်စေခဲ့ခြင်း၊ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအုပ်စုဖြစ်လာခြင်း စသည်တို့ပါဝင်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး အတွေ့အကြုံများသည် နိုင်ငံတကာမိသားစုကြီးမှ ချီးကျူးမှုနှင့် အသိအမှတ်ပြုမှုများ ခံခဲ့ရသည်။ တရုတ်ဥာဏ်ပညာသည် လက်ရှိကမ္ဘာက ရင်ဆိုင်နေရသော ပြဿနာအချို့ကို ဖြေရှင်းရန် အတွက် အားဖြည့်ကူညီနေပါသည်။

ပြင်သစ်အေအီးစီကုမ္ပဏီဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ ပြင်သစ်-တရုတ်ကော်မတီဒုဥက္ကဋ္ဌ အန်ဒရူ ချန်သည် ပြင်သစ်နိုင်ငံ၌ မွေးဖွားသော တရုတ်အနွယ်ဖွားတစ်ဦးဖြစ်ပြီး ပြင်သစ်-တရုတ်ကုန်သွယ်မှု လုပ်ဆောင်ရသည်မှာ နှစ် ၄၀ နီးပါးရှိပါပြီ။ ၄င်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ လာရောက်နေထိုင်သည့်အချိန်မှာ ၁၉၇၈ ခုနှစ်ပင်ဖြစ်ပြီး ထိုအချိန်က ပီကင်းမြို့သည် အသက် ၂၅ နှစ်အရွယ်ရှိ အန်ဒရူ ချန်အတွက် မမေ့နိုင်စရာများစွာ ကျန်ရစ်ခဲ့ပါသည်။၎င်းက ကျွန်နော်တို့က တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်ရောက်တဲ့အခါ အနောက်တိုင်းနိုင်ငံနဲ့ တော်တော်ကွာတယ်လို့ထင်ကြောင်းပြောကြားတယ်။ဘာပစ္စည်းတွေဝယ်ဝယ် ပိုက်ဆံလိုတာမကဘဲ၊ စားနပ်ရိက္ခာ လက်မှတ်၊ ပိတ်စလက်မှတ်တွေ လည်း လိုတယ်လို့ပြောကြားတယ်။

ပြင်သစ်ဝန်ကြီးချုပ်ဟောင်း ဒယ် ဗီလယ်ပင်က တရုတ်နိုင်ငံ တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးမှရရှိသော အောင်မြင်မှုသည် လက်တွေ့ကျမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့သော့ချက်ကျသောစကားလုံးနှစ်ခုနှင့် ခွဲမရကြောင်း ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းယူကီအို ဟာတိုယာမာက တရုတ်နိုင်ငံ၏ တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးမူဝါဒသည် နိုင်ငံတော်ဖွံ့ဖြိုးရေးကို တိုးမြှင့်ပြီး ကမ္ဘာအတွက်လည်း အကျိုးရှိစေကြောင်း ပြောကြားသည်။

   Webradio