• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က ဂျာမဏီသမ္မတ စတိုင်မေယာနှင့် တွေ့ဆုံ

(GMT+08:00) 2018-12-11 15:26:04

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ရက်နေ့က တရုတ်နိုင်ငံ ပြည်သူ့ ခန်းမဆောင်ကြီး၌ ဂျာမဏီနိုင်ငံ သမ္မတ စတိုင်မေယာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်ကာ အကျိုးတူစီးပွားရရှိစေရန်၊ တရုတ်-ဂျာမဏီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ဆက်လက် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးရန်၊ တရုတ်-ဂျာမဏီ ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အတွက်ရော၊ ကမ္ဘာငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေးအတွက်ပါ အကျိုးရှိပြီး ပိုမိုများပြားသော အောင်မြင်မှုများရရှိစေရန်၊ နှစ်နိုင်ငံခေါင်းဆောင်တို့က သဘောတူ ကြကြောင်း သတင်းရရှိပါသည်။

   Webradio