• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ် "တရုတ်-မြန်မာ ချစ်ကြည်ရေး သီချင်း ဖျော်ဖြေပွဲ"ကို မြန်မာတွင် ကျင်းပ

(GMT+08:00) 2018-12-11 12:47:06

၂၀၁၈ခုနှစ် "တရုတ်-မြန်မာ ချစ်ကြည်ရေး သီချင်း ဖျော်ဖြေပွဲ"ကို ယခုလ ၉ရက်နေ့က မြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ လူငယ် အဆိုတော် ၁၂ဦးသည် ၄င်းသီချင်း ဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းအနက် မြန်မာ သီချင်းအဆိုတော် ၁၀ဦးသည် တရုတ် သီချင်းနှင့် မြန်မာ သီချင်းကို  တစ်ဦး တစ်ပုဒ်စီ သီဆိုခဲ့ကြောင်း၊ တရုတ်ပြည် ကွမ်ရှီးမှ သီချင်းအဆိုတော် ၂ဦးသည်လည်း သီချင်းသီဆိုခဲ့ကြောင်း သိရသည်။

မြန်မာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် မဟာတေးဂီတ ဌာန တာဝန်ခံ သိမ့်သိမ့်ဆွေက တေးဂီတနှင့် နိုင်ငံခြား ဘာသာစကားကို ဝါသနာရှင်များ အတွက် ၄င်းသီချင်းဖျော်ဖြေပွဲသည် အခွင့်ကောင်း တစ်ခု ဖြစ်ပြီး သီချင်းအဆိုတော်များ၏ သီချင်းဆို တတ်ကျွမ်းမှု တိုးမြှင့်ရေး အတွက် အထောက်အကူ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

လန်ဆန်-မဲခေါင် "တစ်မြစ်တည်းရေသောက်၊ ချစ်ကြည်ရေး သီချင်းဆို" လှုပ်ရှားမှုသည် နာမည် ကျော်ကြားသည့် နိုင်ငံဖြတ်ကျော် တေးဂီတ ကူးလူးဖလှယ်ရေး လှုပ်ရှားမှု ဖြစ်ပြီး ယခုအထိ ၈ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊  "တရုတ်-မြန်မာ ချစ်ကြည်ရေး သီချင်း ဖျော်ဖြေပွဲ"ကို ယင်းလှုပ်ရှားမှု၏ အစိတ်အပိုင်း အနေနှင့် ယခုနှစ်တွင် မြန်မာ နိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံမှူးကြီး လီရှောင်ယန့်က ယင်းကဲ့သို့သော လှုပ်ရှားမှု ကျင်းပခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးပွားစေနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၈ခုနှစ် "တရုတ်-မြန်မာ ချစ်ကြည်ရေး သီချင်း ဖျော်ဖြေပွဲ"ကို စီအာအိုင်၊ myanmar.china.com၊ ရန်ကုန်ရှိ တရုတ် ယဉ်ကျေးမှု စင်တာနှင့် ကွမ်ရှီး ရုပ်မြင်သံကြားဌာနစသည်တို့ ပူးတွဲ ဦးစီးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

   Webradio