• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှင်သန်ဖွံ့ဖြိုးသော ကွမ်ရှီးနယ် ထူထောင်ရန်အတွက် အကျိုးပြု စွမ်းဆောင်ရမည်ဟု ဝမ်ယန် ဆို

(GMT+08:00) 2018-12-11 10:14:38

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဝမ်ယန်သည် ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှ ပါတီကော်မတီနှင့် ဒေသအစိုးရ လုပ်ငန်းများ အကြောင်း ကြားနာရာ၌၊ ရဲဘော် ရှီကျင့်ဖိန် တင်ပြသော တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက် အဖြစ် ထားပြီး၊ ရှင်သန် ဖွံ့ဖြိုးသော ကွမ်ရှီးနယ် ထူထောင်ရန်အတွက် တက်ညီလက်ညီ အကျိုးပြု စွမ်းဆောင်ရမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။ (ကျော့)

   Webradio