• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ဆားဗီးယားမီဒီယာများသည်၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ် ၄၀ ပြည့် အဓိကအကြောင်းအရာဖြင့် မှတ်​တမ်း​တင်​ ဗွီ​ဒီ​ယိုကားကို ပူးတွဲရိုက်ကူး

(GMT+08:00) 2018-12-10 12:35:22

တရုတ်ပြည်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကျင့်သုံးခဲ့သည့် နှစ် ၄၀ ပြည့်ကို ထောပနာပြုသည့်အနေဖြင့်၊ တရုတ်ဗဟိုမီဒီယာအုပ်စု တရုတ်နိုင်ငံတကာအသံလွှင့်ဌာနနှင့် ဆားဗီးယားနိုင်ငံအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနတို့သည် အပိုင်း ၃ ပိုင်းရှိ မှတ်တမ်းတင် ဗွီဒီယိုကား (ရှေးရှုချီတက်နေသော တရုတ်ပြည်)ကို ပူးတွဲစီမံခဲ့ကြသည်။ ယင်း မှတ်တမ်းတင် ဗွီဒီယိုကားကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တရုတ်ပြည် ဆန်းတုန်းပြည်နယ် ဇီးဘိုမြို့တွင် စတင်ရိုက်ကူးပြီး၊ ထို့နောက်၊ ရိုက်ကူးထုတ်လုပ်ရေးအဖွဲ့သည်၊ ပီကင်း၊ ကွမ်ကျိုး၊ ရှင်းကျင့်နှင့် ရှန်ဟိုင်းမြို့သို့ သွားရောက်ရိုက်ကူးမည်ဖြစ်သည်။ ဆားဗီးယားနိုင်ငံ အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနမှ ဝန်ထမ်း ၃ ဦးတို့သည်၊ ဆန်းတုန်းပြည်နယ်သို့ ရောက်ရှိခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

 

   Webradio