• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း နှစ် ၄၀ ပြည့် နှီးနှောဖလှယ်ပွဲကို ကင်ညာရှိ တရုတ် အနွယ်ဖွားများ ကျင်းပ

(GMT+08:00) 2018-12-10 09:34:51
ကင်ညာရှိ တရုတ်အနွယ်ဖွားများ ခရီးသွားအသင်း ဦးစီးပြုလုပ်သော တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း နှစ် ၄၀ ပြည့် နှီးနှောဖလှယ်ပွဲကို ယခုလ ၈ ရက်နေ့က နိုင်ရိုဘီမြို့၌ ကျင်းပခဲ့ကြောင်း၊ နှီးနှောဖလှယ်ပွဲတွင် ကင်ညာနိုင်ငံတွင် နေထိုင်၊ အလုပ်လုပ်ကိုင်နေသော တရုတ်လူမျိုးများသည် ၄င်းတို့၏ နှစ်ဆယ်ပေါင်းများစွာ အတွင်း အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ၄င်းတို့သည် တရုတ်ပြည် ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း နှစ် ၄၀ တာ တိုးတက်ရေး ဖြစ်စဉ်နှင့် တရုတ်-ကင်ညာ ဆက်ဆံမှု တိုးတက်ရေး ဖြစ်စဉ်ကို မျက်မြင် ကိုယ်တွေ့သူများ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။(ကျော့)
   Webradio