• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အာဆီယံ လူငယ်များ အကြား ကူးလူးဖလှယ်မှု တိုးပွားလာ

(GMT+08:00) 2018-12-07 13:00:03

အာဆီယံ ဆိုင်ရာ တရုတ် သံတမန်အဖွဲ့သည် ယခုလ ၆ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့တွင် အင်ဒိုနီးရှားရှိ တက္ကသိုလ်ကျောင်းသူကျောင်းသား၊ ဆရာဆရာမ ကိုယ်စားလှယ်များနှင့် နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် တရုတ် ရှေးဟောင်း တူရိယာ တီးမှုတ်ခြင်း၊ တရုတ် လက်ရေးလက်သားနှင့် အဆိုအကများဖြင့် တင်ဆက်ဖျော်ဖြေပြီး "တရုတ်နှင့် အာဆီယံ ဆက်ဆံရေး ဗဟုသုတ ပြိုင်ပွဲ"ကိုလည်း ကျင်းပခဲ့ကြောင်း၊ တရုတ် သံတမန်အရာရှိများ သည် တရုတ် စီးပွားရေး၊ လူမှုရေး၊ လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝ အခြေအနေများနှင့် ပတ်သက်၍ အင်ဒိုနီးရှား တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြောင်း သိရသည်။

အာဆီယံ ဆိုင်ရာ တရုတ် သံတမန်အဖွဲ့ ယာယီတာဝန်ခံ ကျန်ချင်သည် အင်ဒိုနီးရှား တက္ကသိုလ် ဆရာဆရာမနှင့် ကျောင်းသူကျောင်းသားများအား ခေတ်သစ် တရုတ် နိုင်ငံခြားရေး မူဝါဒ၊ တရုတ်ပြည်၏ အိမ်နီးချင်း နိုင်ငံခြားရေး လမ်းစဉ်၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခြင်းနှင့် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုနှင့် ပတ်သက်၍ မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင်၊ ကျန်ချင်က လူငယ် ကူးလူးဖလှယ်ရေးသည် တရုတ်-အာဆီယံ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများရှိ လူငယ် စုစုပေါင်းဦးရေမှာ သန်း၈၀၀ကျော်ရှိကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများ တစ်ဖက်နှင့် တစ်ဖက်တွင် ပညာတော်သင် စုစုပေါင်း ဦးရေမှာ ၂သိန်းကျော်ရှိကာ နှစ်ဖက် လူငယ်များ အကြား ကူးလူးဖလှယ်မှု တစ်နေ့တခြား တိုးပွားနွေးထွေးလာ ကြောင်းလည်း ပြောကြားသည်။

   Webradio