• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆင်းရဲချို့တဲ့တဲ့ဒေသမှ ချမ်းသာတဲ့ ဒေသသို့ အိမ်ပြောင်းနည်းဟာ ဆင်းရဲသူ များစွာ အကျိုးခံစားစေရတယ်

(GMT+08:00) 2018-12-06 10:39:52

ဒီနှစ် အသက် ၄၀ အရွယ် ရှိပြီ ဖြစ်တဲ့ ကွမ်အိုင်လင်ဟာ တရုတ်ပြည် ဟိုနန်ပြည်နယ် လို့ယမ်မြို့ တေထင် မြို့နယ်ရှိ အထည်ချုပ် စက်ရုံ တစ်ရုံက အလုပ်သမား တစ်ယောက် ဖြစ်ပါတယ်။ အရင်တုန်းက ဆိုရင် သူတို့မိသားစုဟာ ဆင်းရဲချို့တဲ့တဲ့ တောင်တန်း ဒေသမှာ နေပြီး သဘာဝ အခြေအနေ မကောင်းလို့ လွန်စွာ ဆင်းရဲတယ်။ ဒေသခံ အစိုးရက ဆင်းရဲသူများကို အကူအညီ ပေးနိုင်ဖို့အတွက် ကွမ်အိုင်လင် နေတဲ့ ရွာကလေးမှ ရွာသူရွာသားများကို တေထင် မြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး သူတို့အတွက် စက်ရုံများမှာ အလုပ်အကိုင်တွေကိုလည်း စီစဉ် ချထားပေးခဲ့တာ ဖြစ်ပါတယ်။

ကွမ်အိုင်လင် နေထိုင်နေတဲ့ လူနေရပ်ကွက်မှာ လူ ၂၆၀၀ ကျော် ရှိပြီး အားလုံးလိုလို ဆင်းရဲတဲ့ဒေသမှ ရွှေ့ပြောင်း လာခဲ့တာ ဖြစ်ပါတယ်။ ဒီ လူနေရပ်ကွက် ဆောက်လုပ်ဖို့အတွက် ဒေသခံအစိုးရဟာ စုစုပေါင်း ယွမ် သန်း ၁၇၀ ကျော် ငွေရင်း ထုတ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။(ကျော့)

   Webradio