• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွားများ ပြောဆိုကြ

(GMT+08:00) 2018-12-04 14:17:13

"ဆန္ဒတူညီ၊ အိပ်မက်ဆီသို့"ဟူသောခေါင်းစဉ်ဖြင့် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် ဓါတ်ပုံပြပွဲကို ယခုလ ၁ရက်နေ့က ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွားများ ရိုးရာ ယဉ်ကျေးမှု စင်တာတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွားများသည် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်၄၀ပြည့် နှီးနှောဖလှယ်ပွဲကိုလည်း ကျင်းပရာ ဖိလစ်ပိုင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် တရုတ် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်၄၀ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို အသီးသီး ဖော်ပြကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၎င်းဓါတ်ပုံပြပွဲကို တရုတ် နိုင်ငံတော် ကောင်စီ တရုတ် အိုဗာစီးရေးရာရုံး၊ ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးနှင့် ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွားများ အလွှာပေါင်းစုံ သမဂ္ဂတို့ ပူးတွဲ ဦးစီးကျင်းပကြခြင်း ဖြစ်ကြောင်း၊ ဓါတ်ပုံပြပွဲတွင် ဓါတ်ပုံ ၇၀ခန့်ကို ပြသခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်ရောက် တရုတ် အနွယ်ဖွားများ အလွှာပေါင်းစုံ သမဂ္ဂ ဥက္ကဋ္ဌ ဆိုက်ကြည့်ဟိုက လွန်ခဲ့သည့် နှစ်ပေါင်း၄၀အတွင်း တရုတ်ပြည်သည် အပြောင်းလဲကြီး ပြောင်းလဲလာပြီး စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ ပြည်သူများ၏ နေထိုင်မှုဘဝ အဆက်မပြတ် ကောင်းမွန်တိုးမြင့်လာကြောင်း၊ တရုတ် အိုဗာစီးများ အနေနှင့် ယင်းအတွက် အလွန်ဂုဏ်ယူမိကြောင်း ပြောကြားသည်။

   Webradio