• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်ရှီး ဒန်သတ္တုလုပ်ငန်းအဆက်မပြတ်အသွင်ပြောင်းလဲ၊အဆင့်မြှင့်တင်လာ

(GMT+08:00) 2018-12-03 12:50:38

 

ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်သည့် နှစ် ၆၀ အတွင်း စက်မှုလုပ်ငန်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီး သမားရိုးကျလုပ်ငန်း ၇၀ရာခိုင်နှုန်းကျော်ရှိ သည်။ လွန်ခဲ့သည့်နှစ်များအတွင်း စီးပွားရေး ပိုမိုကောင်းမွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ကွမ်ရှီးနိုင်ငံတော်ပိုင်လုပ်ငန်းကုမ္ပဏီများဦးဆောင်ပြီး "ဒုတိယအကြိမ်လုပ်ငန်းထူထောင်ရေး" ဖြင့် သမားရိုးကျလုပ်ငန်းများ သက်ဝင်လာစေပြီး လုပ်ငန်းဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲ၊အဆင့်မြှင့်တင်ရေးကို အကောင်အထည်ဖေါ်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကြွယ်ဝသော ဒန်သတ္တုရှိပြီး ဒန်သတ္တုလုပ်ငန်းသည် ဒေသခံထူးခြားချက်ရှိသော လုပ်ငန်းဖြစ်သည်။ လွန်ခဲ့သည့်နှစ်များ အတွင်း ဒန်လုပ်ငန်း "ဒုတိယအကြိမ်လုပ်ငန်းထူထောင်ရေး"တွင် ကွမ်ရှီးဒန်သတ္တု လုပ်ငန်း အဆက်မပြတ်ပြုပြင်ပြောင်းလဲ၊အဆင့်မြှင့်တင်လာပြီး ဖွံ့ဖြိုးရေးအခြေအနေသစ် ဖြစ်တည်နေသည်ဟုသိရသည်။

   Webradio