• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ စပိန်ခရီး စတင်

(GMT+08:00) 2018-11-28 13:40:07

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ရက်နေ့က မာဒရစ်သို့ ရောက်ရှိပြီး စပိန်ဘုရင့်နိုင်ငံတွင် တရားဝင်ခရီးစဉ်စတင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းခရီးတွင် ဆဌမမြောက် ဘုရင် ဖှေလီဖေ၊ ဝန်ကြီးချုပ် စန်ချယ်ဇ်အပါအဝင် စပိန် ခေါင်းဆောင်များနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး၊ အတူအာရုံစိုက်ကြသော ကိစ္စရပ်များနှင့် ပတ်သက်၍ ကျယ်ပြန့်နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ကြပြီး တရုတ်-စပိန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ဖွင့်လှစ်ရန် တွန်းအားပေးမည် ဟု ရှီကျင့်ဖိန်က မျှော်လင့်ပါသည်။

စပိန်ခရီးအပြီး ရှီကျင့်ဖိန်သည် အာဂျင်တီးနား၊ ပနားမား၊ ပေါ်တူဂီ နိုင်ငံများတွင် ခရီးလှည့်လည်မည်ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တော်၌ ဂျီ၂၀ ခေါင်းဆောင်များ ၁၃ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio