• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများသည် တရုတ်-ဥရောပ ရထားလိုင်းများကို အားကိုးပြီး ဥရောပဈေးကွက်သို့ ဝင်ရောက်မည်

(GMT+08:00) 2018-11-27 10:11:03

ဗီယက်နမ်နိုင်ငံ ဟနွိင်မြို့ ရထားပို့ဆောင်ရေး ကုမ္ပဏီ ဒုမန်နေဂျာချုပ် ဖုန်ထိလီးဟန်က၊ ဗီယက်နမ် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများသည် တရုတ်-ဥရောပ ရထားလိုင်းများ မှတစ်ဆင့် ဗီယက်နမ် ကုန်ပစ္စည်းများကို ဥရောပဈေးကွက်သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ယခုလ ၂၆ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် ဖိန်ရှန်မြို့၌ ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယင်းနေ့၌ပင် နိုင်ငံတကာ ကုန်းတွင်းပိုင်းနှင့် ပင်လယ် ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းသစ် ဖြစ်သည့် ဖိန်ရှန် ရထားလမ်း ဂိတ်များ မွမ်းမံ အဆင့်မြှင့်တင်ရေး လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနား အပြီး သတင်းထောက်နှင့် တွေ့ဆုံရာတွင် ဖုန်ထိလီးဟန်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio