• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Thursday  may 29th   2025   

နန်နင်းမြို့၏ ပြောင်းလဲမှု

(GMT+08:00) 2018-11-22 15:00:56

၂၀၀၄ခုနှစ်က တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ခဲ့ပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည် နန်နင်းမြို့တွင် စတင် ကျင်းပခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၅နှစ် အတွင်း နန်နင်းမြို့သည် အာဆီယံ နိုင်ငံများ သိကျွမ်းသည့် တရုတ်မြို့တစ်မြို့ ဖြစ်လာပြီး နန်နင်းမြို့အပေါ် အာဆီယံ နိုင်ငံများ၏ လူမှုရိုးရာ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုမှ သြဇာသက်ရောက်မှု တဖြည်းဖြည်း ပေါ်ပေါက်လာကြောင်း စီအာအိုင်က ဖော်ပြသည်။

လက်ရှိအချိန်တွင် အာဆီယံ အဖွဲ့ဝင် ၆နိုင်ငံသည် နန်နင်းမြို့တွင် ကောင်စစ်ဝန်ချုပ် ရုံးများ ထားရှိပြီး ၄င်းကောင်စစ်ဝန်ချုပ်ရုံးများသည် အာဆီယံ ကုန်သွယ်ရေးဇုန်တွင် တည်ရှိကာ နန်နင်းမြို့တွင် အဓိက အထင်ကရ လက္ခဏာဆောင်သည့် အဆောက်အအုံ များဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

နန်နင်းမြို့သည် အာဆီယံ နိုင်ငံများမှ ၂၁မြို့နှင့် Twin Cities ဖြစ်လာကြောင်း၊ နန်နင်း ဝူရွှီ-အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အရှေ့တောင်အာရှ မြို့၂၀ခန့်သို့ ပျံသန်းသည့် လေကြောင်းလိုင်းများ ရှိကြောင်း၊ ယင်းသည် နန်နင်းနှင့် အာဆီယံ နိုင်ငံများ အကြား ခရီးသွား ကူးလူးဖလှယ်မှုများကို တိုးပွားစေပြီး နန်နင်းမှတစ်ဆင့် တရုတ်ပြည်တွင် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသည် ဦးရေ၏ ရာခိုင်နှုန်း ၄၀ခန့်သည် အာဆီယံ နိုင်ငံများမှ ခရီးသည်များ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နန်နင်းမြို့တော်ဝန် ကျိုးဟုန်ပိုက နန်နင်းမြို့သည် အာဆီယံအား ရှေ့ရှုသော နိုင်ငံတကာ လမ်းကြောင်း တည်ဆောက်ရေးကို တွန်းအားပေးပြီး အွန်လိုင်း သတင်း အချက်အလက်၊ ပစ္စည်းသစ်၊ စွမ်းအင်သစ်သုံးယာဉ်၊ သံလမ်းသုံး ပစ္စည်းကိရိယာနှင့် ဇီဝ ဆေးဝါးကုသရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

no comments !
   Webradio