• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(၁၁)လ (၁၁) ရက် ဈေးဝယ်ပွဲတော် ၁၀ နှစ် ပြည့်ပြီ

(GMT+08:00) 2018-11-12 09:19:48

ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့သည် တရုတ် (၁၁)လ (၁၁) ရက် ဈေးဝယ်ပွဲတော် ၁၀ နှစ် ပြည့် ဖြစ်ပါသည်။ တရုတ်ပြည် နာမည်ကြီး ထျန်းမော အင်တာနက် ရောင်းဝယ်ရေး ပလက်ဖေါင်းတွင် တစ်ရက်အတွင်း ကုန်စည်ရောင်းချမှု ပမာဏမှာ ယွမ် ၂၁၃့ ၅ ဘီလီယံ ရှိပြီး အခြားသော နာမည်ကြီး အင်တာနက် ရောင်းဝယ်ရေး ကျင်းတုံး ပလက်ဖေါင်းတွင်လည်း ကုန်စည် ရောင်းချမှု ပမာဏသည်မှာ ယွမ် ၁၅၉့ ၈ ဘီလီယံ ရှိကြောင်း၊ အရည်အသွေး မြင့်မားသော ကုန်ပစ္စည်းနှင့် သွင်းကုန်ပစ္စည်းများသည် တစ်နေ့ထက်တစ်နေ့ လူကြိုက်များလာနေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

    အရင်တုန်းက နိုဝင်ဘာလ ၁၁ ရက်နေ့သည် တစ်ကိုယ်တော်များ ပွဲတော် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကြာ ကာလအတွင်း တရုတ်ပြည်၏ နိုင်ငံတကာ ဈေးဝယ်ပွဲတော် အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာပါသည်။ ယင်းသည် တရုတ်ပြည် အားကောင်းသော စီးပွါးရေး ရှင်သန်မှုနှင့် ခိုင်ခံ့သော စားသုံးမှုဆိုင်ရာ ယုံကြည်စိတ်များကို ပေါ်လွင် လာနေပါသည်။

   Webradio