• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဇင်ဂါနှင့် တွေ့ဆုံ

(GMT+08:00) 2018-11-09 14:25:11

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၈ရက်နေ့က တရုတ် ပြည်သူ့ ခန်းမဆောင်ကြီး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဇင်ဂါနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ကိုယ်တိုင်ရွေးချယ်သော လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံ၏ အခွင့်အရေး နှင့် တရားနည်းလမ်းကျသော အခွင့်အရေးအကျိုးစီးပွားကို အမေရိကန်နိုင်ငံက လေးစားသင့်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတိုးတက်ရန် ထိန်းသိမ်းမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ကစ်ဇင်ဂါက အာဂျင်တီးနား ဂျီ၂၀ ထိပ်သီး အစည်းအဝေးကျင်းပရာတွင် သမ္မတ ထရန့် နှင့် ဥက္ကဋ္ဌ ရှီကျင့်ဖိန်တို့သည် ချောမောအောင်မြင်စွာ တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio